မော်လမြိုင် နိုဝင်ဘာ ၁၄
မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဧကာဒသမအကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်သ င်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိ ဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားကို ဩဝါဒဆရာတော်ကြီးများ ဦးဆောင်၍ ဧည့်ပရိသတ် အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ပေးပြီးနိုင်ငံတော် ဩဝါဒါစရိယမော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ နတ်မှော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓါန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသုမန အရှင်သူမြတ် ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့က မေတ္တာသုတ်အစရှိသောပရိတ်တရား တော်ရွတ် ဖတ်ပူဇော်ပေးမှုကို ဧည့်ပရိသတ်အပေါင်းတို့က နာယူကြည်ညိုကြပြီး ဩဝါဒဆရာတော်ကြီးများ၊ ပင့်သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာတို့က ကထိန်လျာ သင်္ကန်းအစ ရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေး၍ လှူဒါန်းအစုစုတို့အတွက် ရေစက်သွန်းချအမျှပေး ဝေသည်။
အဆိုပါ ဧကာဒသမအကြိမ် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ တန်ဖိုးငွေ ကျပ် သိန်းခြောက်ဆယ် မတည်လှူဒါန်းမှုအပါအဝင် ဌာနဆိုင်ရာများမှ စုပေါင်း၍ ပဒေသာပင် ၄၈ ပင်တို့တွင် ငွေနှင့် လှူဖွယ် ပစ္စည်းတို့အတွက် စုစုပေါင်းငွေကျပ် တန်ဖိုးသိန်းသုံးရာတို့ကို မော်လမြိုင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်ပေါင်း ၃၈ ကျောင်းသို့ သွားရောက်ဆက်ကပ်လှူဒါန်းပေးမည်ဖြစ် ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)