သတင်းများ

မိုင်းဖြတ်မြို့နယ်၌ (၃၀)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာအခမ်းအနားကျင်းပ
Nov 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် (၃၀)ကြိမ်မြောက် မြို့နယ်လုံး ဆိုင်ရာ စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်းတိုက်ရှိ မင်္ဂလာသီရိ ကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
သရက်မြို့တွင် စတင်ထုတ်လုပ်နေသော အောက်ဆီဂျင်စက်ရုံအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Nov 14,2021
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လိုအပ်လျက်ရှိသော အောက်ဆီဂျင်စက်ရုံအတွက် မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ မတည်ပေးသည့် အောက်ဆီဂျင်စက်သည် အောက်တိုဘာ ၂၃ ရက်နေ့ တွင် ရောက်ရှိပြီး ယခုအခါ စတင်လည်ပတ် ထုတ်လုပ်နေပြီဖြစ်ရာ စက်ရုံ၏ မီးဘေးလုံခြုံရေးအတွက် စီမံ ဆောင်ရွက်ထားမှု အခြေအနေများအား မီးသတ်တပ်ဖွဲ့မှူးနှင့် အဖွဲ့မှ ယနေ့ နံနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေး
Nov 14,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ရွှေလှေ ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ဒေသခံပြည်သူများကို ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် ရည်ညွှန်းစာကြည့်တိုက်တွင် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ
Nov 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရည်ညွှန်းစာကြည့်တိုက်တွင် စာရေးဆရာကြီး ကပ္ပတိန် သာစိန်ရေးသားသော ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံတော် အလံများမှတ်စုများ(၂)စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
ကရင်ပြည်နယ်(ပြည်နယ်၊ ခရိုင်၊မြို့နယ်) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစု ဒုတိယအကြိမ်စုပေါင်း ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်း
Nov 14,2021
ပြည်ထဲရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်(ပြည်နယ်၊ခရိုင်၊မြို့နယ်) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစု ဒုတိယ အကြိမ် စုပေါင်းကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲခန့်က ဘားအံမြို့၊ စတုဘုမိကမဟာ သတိပဌာန်မဂ္ဂင်ကျောင်းဓမ္မာရုံ၌ ကျင်းပသည်။
အသက်(၄၅)နှစ်​ပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (SINOPHARM) (ပထမအကြိမ်) တွံတေး၌ ထိုးနှံပေးမည်
Nov 14,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် အသက် ၄၅ နှစ် ပြည့်ပြီးသူ များအား (Phase-4)ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ကို သက်ဆိုင်ရာ စုရပ်များအလိုက် နိုဝင်ဘာ ၁၅ ရက်နေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာအောင်ဆန်းသူရိယ အေးချိုခန်း၌ ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ပန်လုံမြို့၌ (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နယ်လှည့်၊ ဓာတ်ပုံနှင့်စာအုပ် စာစောင်များ ပြသဆောင်ရွက်
Nov 14,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ခင်မေဦးနှင့် ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွှဲ ၂ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ (၁၀၁)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် နယ်လှည့် စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲတို့ကို ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။