ဇလွန်မြို့နယ် ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ
Nov 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များမှ စုပေါင်းကျင်းပသည့် မဟာဘုံကထိန်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က စံတန်းရပ်ကွက် ဖန်ခါးပင်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။