မြောက်ဦးမြို့၌ အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်/ဆက်ဝန်ထမ်းများမှ နယ်လှည့် ကွင်းဆင်းဆောင်ရွက်

မြောက်ဦး နိုဝင်ဘာ ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၉)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို  ကြိုဆို ဂုဏ်ပြုသောအားဖြင့်    မြောက်ဦး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ အကြီးတန်းစာရေး ဦးတင်ဝင်းဦးဆောင်သော ပြန်/ဆက် ဝန်ထမ်းများမှ ယမန်နေ့ နေ့လည် ၁ နာရီက အလယ်ဈေးအုပ်စု ဝသဲရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်) ကျောင်း၌ ကျောင်းသား/ ကျောင်းသူများအသိပညာဗဟုသုတ ရရှိစေရေးအတွက် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ဝသဲ အခြေခံပညာမူလတန်း(လွန်)ကျောင်း မှ ကျောင်းသား/ ကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ် ဓါတ်ပုံ ပြပွဲနှင့်နံရံကပ်စာစောင်များအား စိတ်ပါ ဝင်စားစွာလာရောက် ကြည့်ရှုခဲ့ကြသည်။  ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးတင်ဝင်းက ကျောင်းသား/ ကျောင်းသူများသိရှိစေရန်အတွက် (၁၀၁)နှစ်မြောက် အမျိုးသားစအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် အမျိုးသားအောင်ပွဲနေ့အစ ပထမကျောင်းသားသပိတ်ကဟူ၍လည်းကောင်း၊ ကျွန် ပညာရေးစနစ်အား ဆန့်ကျင်ကာ ကိုယ်ကျိုးစွန့် အနစ်အနာခံခဲ့ရာမှ အစပြုလာသည့် အမျိုးသား အောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများအား အသိပညာပေးဟောပြောခဲ့ပြီးနောက် ကျောင်း သား/ကျောင်း သူများအနေဖြင့် ကျောင်းစာအပြင်၊ ပြင်ပမှဗဟုသုတရရှိစေမည့် စာပေများနှင့်ရင်း နှီးကျွမ်းဝင်မှုရှိစေရန်၊ စာပေဖတ်ရှုခြင်း အလေ့အကျင့်များ ရရှိစေရန်အတွက် သုတ/ရသစာပေ များကို လေ့လာဖတ်ရှုခြင်းစသည့် အလေ့အကျင့်ကောင်း များရရှိစေရန်အတွက် ယခုလိုကျောင်းများသို့ လာရောက်ပြီး နယ်လှည့် စာကြည့်တိုက်အား လာရောက်ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)