သတင်းများ

ဝါဆိုလပြည့်နေ့ သန်လျင်မြို့ကျိုက်ခေါက်စေတီတော်တွင် ဘုရားဖူးများဖြင့်စည်ကား
Jul 12,2022
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီ တော်မြတ်ကြီးတွင် ယနေ့နံနက်ပိုင်းမှစ၍ ဘုရားဖူးလာပြည်သူများက စေတီတော်ရင်ပြင်ရှိ အာရုံခံတန်ဆောင်းလေးသွယ်တို့တွင်ပန်း၊ရေချမ်း၊ဆီမီး ဆက်ကပ်လှူဒါန်းသူများ တရားဘာဝနာ အားထုတ်သူများဖြင့်စည်ကားလျက်ရှိသည်။
မဟာလော ကမာရဇိန်ကုသိုလ်တော်ဘုရားစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊စိန်ဖူးတော်နှင့်ငှက်မြတ် နားတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာမင်္ဂလာအခမ်းအနားပြုလုပ်
Jul 12,2022
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၆၂လမ်း၊ ၁၀× ၁၂လမ်းကြားရှိ မဟာလောက မာရဇိန်ကုသိုလ်တော်ဘုရားဝန်းအတွင်းယနေ့နံနက် (၈)နာရီက မန္တလေးရတနာ ပုံမြို့တည်၊ နန်းတည်ပဉ္စမသင်္ဂါ ယနာတင်ဘဝရှင်မင်းတုန်းမင်းတရားကြီးတည်ထားတော်မူခဲ့ သောမဟာလောကမာရဇိန်ကုသိုလ်တော် ဘုရားစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေကအနေ ကဇာတင်မဟာမင်္ဂလာအခမ်း အနားကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဝက်လက်မြို့၌  ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jul 12,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင်ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာဆိုင်ရာများ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဝါတွင်းကာလ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာစေတီတော်မြတ်ကြီးတွင် ဝါဆိုလပြည့်နေ့အခါသမယ ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကား
Jul 12,2022
ဝါဆိုလပြည့်နေ့အခါသမယ နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျောင်းတော်ရာ ကျေးရွာအနီးရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရားကြီးတွင် ယနေ့နံနက်ပိုင်းက ရပ်ဝေးရပ်နီးမှ ဘုရားဖူး လာရောက်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများနှင့် ငါးကန် အတွင်း ငါးစာကျွေးမွေးကြသူများဖြင့် စည်းကားလျက်ရှိနေကြောင်း အဆိုပါ စန္ဒကူးနံ့သာကျောင်းတော် ရာဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။
ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) သီလခံယူပွဲများနှင့် နေ့အထူးတရားပွဲပြုလုပ်
Jul 12,2022
ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ရွှေဆံတော် ဂေါပကအဖွဲ့က ကျင်းပ​သော ရွှေဆံတော်စေတီတော် မြတ်ကြီးရင်ပြင်၌ အထူးတရားပွဲကို ယနေ့ နေလယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်းမြို့၌ ဌာနဆိုင်ရာများစု‌ပေါင်း၍ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း
Jul 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငရုတ်ကောင်းမြို့တွင် ဌာနဆိုင်ရာအသီးသီးစုပေါင်း၍ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းကငရုတ် ကောင်းမြို့ ဓမ္မဝိဟာရ ကျောင်းတိုက်နှင့်ဓမ္မိကာရုံကျောင်းတိုက်များသို့ သွားရောက်၍ ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့‌ကြောင်း သိရသည်။
ချီဖွေမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Jul 12,2022
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ချီဖွေမြို့နယ် တောင်တန်းသာသနာပြု‌ ကျောင်းတိုက်၌ ကျင်းပသည်။
တမူးမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ အလှူရှင်များ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍  ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အလှူရှင်များစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နေ့လယ်(၁)နာရီ အချိန်က မြို့မကျောင်းတိုက် အဂ္ဂမဟာဓမ္မဗိမာန်တော်၌  ကျင်းပခဲ့ကြောင်းသိရသည်။