အောင်မြေသာစံ ဇူလိုင် ၁၂
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၆၂လမ်း၊ ၁၀× ၁၂လမ်းကြားရှိ မဟာလောက မာရဇိန်ကုသိုလ်တော်ဘုရားဝန်းအတွင်းယနေ့နံနက် (၈)နာရီက မန္တလေးရတနာ ပုံမြို့တည်၊ နန်းတည်ပဉ္စမသင်္ဂါ ယနာတင်ဘဝရှင်မင်းတုန်းမင်းတရားကြီးတည်ထားတော်မူခဲ့ သောမဟာလောကမာရဇိန်ကုသိုလ်တော် ဘုရားစေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေကအနေ ကဇာတင်မဟာမင်္ဂလာအခမ်း အနားကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ မစိုးရိမ်တိုက်သစ် နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တတိက္ခိန္ဒြိဘိဝံသ၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာ တော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသဝ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေး)ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသရပါ ပင့်သံဃာဆရာတော်ကြီး ၁၁ ပါး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ (အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်)တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ အထူးစစ်ဆင်ရေးမှူးရုံး(အထ က်မြန်မာပြည်)မှ ဗိုလ်ချုပ်ကျော်ကျော်လွင်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ တိုင်းဒေသကြီးလမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးကြီးသာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်လှိုင်၊ မဟာအောင် မြေခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ အောင်မြေသာစံခရို င်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ အောင်မြေသာစံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မဟာလော ကမာရဇိန်ကုသိုလ်တော်ဘုရား ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ခဲ့သည်။
အခမ်းအနားကို“နမောတဿ” သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ခဲ့ကြပြီး၊ ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တကေသဝထံမှ ကိုးပါးသီ လခံယူဆောက်တည်၍ ပရိတ်ချည်၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ပန်းတို့ကို ဥပါသကာများက ဆရာတော်/သံဃာတော်အရှင်သူမြတ်တို့ထံသို့ ဆက်ကပ်အပ်နှံပြီး ဆရာတော်၊သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈယ်တော်မူသော ပရိတ်တရား တော်မြတ်ကိုခံယူကြည်ညိုခြင်း၊ ဥပါသကာများက ပရိတ်ချည်၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ပန်း တို့ကိုယူဆောင်၍ စေတီတော်မြတ်ကြီး၏ ပရဝုဏ်အားပက်ဖျန်းချည်နှောင်တားဆီးကာ ရံခဲ့ကြ သည်၊၊ဆက်လက်၍ ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင် ဦးမောင်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ဆရာတော်သံဃာတော်အရှင်သူမြတ်များအား ဆက်ကပ်အပ်နှင်းခြင်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြရာလှူဒါန်းမှုတို့အတွက် ဆရာတော်အဂ္ဂမ ဟာပဏ္ဍိတ ဘဒ္ဒန္တ တိက္ခိန္ဒြိ ဘိဝံသက အနုမောဒနာနှင့် ရေစက်သွန်းချတရားနာယူကြည်ညိုကာသာဓု(၃)ကြိမ်ခေါ်ပြီး နောက် ခရုသင်းအဖွဲ့မှ ခရုသင်း(၃) ကြိမ်မှုတ်ပူဇော်၍ ဂေါပကအဖွဲ့ဥက္ကဋ္ဌမှ စေတီတော်မြတ်ကြီး အား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်း၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ရာတွင် အမှားအယွင်းများရှိပါက ခွင့်လွှတ်ပါရန်တောင်းပန် လျှောက်ထားခဲ့ပြီး ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က နတ်ဒေဝါများခြံရံကာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကိုပင့်ဆောင်လျှက် စေတီတော်မြတ်ကြီးအား လကျာ်ရစ်လှည့် လည်ပူဇော်ကာ မင်္ဂလာရထားပျံရှိရာသို့ ပင့်ဆောင်ခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရေများဖြင့် ပက်ဖျန်းပူဇော်ခဲ့ပြီးနောက် မင်္ဂလာ အချိန်အခါကျရောက်သည်နှင့်တစ်ပြိုင်နက် “မင်္ဂလာအခါတော်” ဟုဟစ်ကြွေးလျှက် စိန်ဖူးတော်၊ ငှက် မြတ်နားတော်တို့ကို အစီအစဉ် အတိုင်းတင်လှူပူဇော်ခဲ့ကြောင်း၊ ၎င်းနောက် အောင်မြင်ခြင်းအထိမ်းအမှတ်အနေဖြင့် ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းခြင်း၍ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆိုကာပြီးဆုံးခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)