ဝက်လက်မြို့၌  ဌာနဆိုင်ရာများ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ဝက်လက် ဇူလိုင် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင်ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာဆိုင်ရာများ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ဝါတွင်းကာလ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝါတွင်းကာလ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားတွင် ဝက်လက်မြို့ မာဃိန္ဒာရာမ ပတ္တိရတိ စာသင်တိုက်ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါသီလ ခံယူပြီးနောက် ဆရာတော်မှ ဝါဆိုသင်္ကန်း လှူဒါန်းရခြင်း၏ အကျိုးတရာတော်ကိုဟောကြာသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသန်းထိုက်စိုးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆရာတော်များကို ဝါဆိုသင်္ကန်း  ဝတ္ထုငွေများနှင့်  နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှဝေကြောင်း သိရသည်။

စိုးစိုးလှိုင်(ဝက်လက်)