ငရုတ်ကောင်းမြို့၌ ဌာနဆိုင်ရာများစု‌ပေါင်း၍ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်း

ငရုတ်ကောင်း  ဇူလိုင်   ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငရုတ်ကောင်းမြို့တွင် ဌာနဆိုင်ရာအသီးသီးစုပေါင်း၍ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းကငရုတ် ကောင်းမြို့ ဓမ္မဝိဟာရ ကျောင်းတိုက်နှင့်ဓမ္မိကာရုံကျောင်းတိုက်များသို့ သွားရောက်၍ ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့‌ကြောင်း သိရသည်။

ဆက်လက်၍ ဓမ္မဝိဟာရကျောင်းတိုက်ဆရာတော်နှင့် ဓမ္မိကာရုံကျောင်းတိုက်ဆရာတော်တို့အား မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံ၊ စစ်ရေယာဉ်(၅၅၉)မှ ဗိုလ်မှူးဖြိုးစည်သူဝင်း၊ ခလရ(၃၆)မှ ဗိုလ်မှူး အောင်စိုးမိုးသန်း၊ ပမ္မဝတီရေတပ်စခန်းဌာနချုပ်မှ ဗိုလ်ကြီးမြတ်သန်းထွန်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများတို့က ဆရာတော်များအားရှိခိုးဦးခိုက်ကန်တော့ခဲ့ကြပြီး ဆရာတော်များထံမှ ငါးပါးသီလခံယူတည်ဆောက်ကြသည်။ ဆက်လက်၍ ဝါဆိုသင်္ကန်းများနှင့်လှူဖွယ်ဝတ္တု အစုစုတို့အား ဆပ်ကပ်လှူဒါန်းပြီးဆရာတော်များထံမှ ပရိတ်တရားတော်များနာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)