ချီဖွေ ဇူလိုင် ၁၂
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်း၍ ဝါဆိုသင်္ကန်းကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ချီဖွေမြို့နယ် တောင်တန်းသာသနာပြုကျောင်းတိုက်၌ ကျင်းပသည်။
ရှေးဦးစွာ ဝါဆိုသင်္ကန်းကပ်လှူဒါန်းခြင်း အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့ဖွင့်လှစ်ပြီးနောက် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များမှ တောင်တန်း သာသနာပြု ကျောင်းတိုက်ဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသေဌထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဇနီး၊ အမှတ်(၁၀၅) ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖများ ဆရာတော်ထံ ဝါဆိုသ င်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကိုလည်းကောင်း၊ အလှူဒါယကာကြီး ဦးတင်မိုး+အလှူဒါယကာ မကြီး ဒေါ်စန်းစန်းချို(မိဘမေတ္တာ)ကုန်စုံဆိုင် မိသားစုတို့မှ နှစ်ဘက်မိဘများအား အမှူးထား၍ သိမ် ကျောင်းတော်ကြီး ပြန်လည်ပြင်ဆင်ဆောက်လုပ် လှူဒါန်းနိုင်ရန်အတွက် အလှူငွေ (၁၀)သိန်းအားလည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ဆရာတော်ဘုရားမှ အနုမောဒနာတရားချီးမြှင့်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြပြီးနောက် ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေးခဲ့ကြ သည်။
မြို့နယ်(ပြန်/ဆက်)