သန်လျင် ဇူလိုင် ၁၂
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ခေါက်စေတီ တော်မြတ်ကြီးတွင် ယနေ့နံနက်ပိုင်းမှစ၍ ဘုရားဖူးလာပြည်သူများက စေတီတော်ရင်ပြင်ရှိ အာရုံခံတန်ဆောင်းလေးသွယ်တို့တွင်ပန်း၊ရေချမ်း၊ဆီမီး ဆက်ကပ်လှူဒါန်းသူများ တရားဘာဝနာ အားထုတ်သူများဖြင့်စည်ကားလျက်ရှိသည်။
အလားတူ သန်လျင်မြို့နယ်အတွင်းရှိ ကျိုက်ဗောဓိစေတီတော်၊ ကျိုက်ဒေးယျုံစေတီတော်နှင့် ရပ်ကွက်ကျေးရွာများရှိ ဘုရားများ၊ ဓမ္မာရုံများ၊ ဘုန်းတော်ကြီးကျောင်းများတွင် ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းသူများ၊ဥပုဒ်သီတင်းဆောက်တည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)