သာပေါင်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ ကျွန်းကလေးလမ်း မိသားစုများမှ ၁၃၈၄-ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁)ရက်နေ့ သံဃာ့ဒါနအရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူပူဇော်

သာပေါင်း ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်ဝါတွင်းကာလ တစ်လျှောက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃာ့ဒါန အရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူ ပူဇော်ပွဲကို ယနေ့ ၁၃၈၄-ခုနှစ်၊ ဝါဆိုလပြည့်ကျော်()ရက်နေ့ နံနက် ၄ နာရီခွဲ အချိန်က အမှတ်()ရပ်ကွက်၊ ကျွန်းကလေးလမ်း မိသားစုများမှ အာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူ ပူဇော်ကြသည်။

ထိုသို့ အာရုဏ်ဆွမ်းပါတ် လောင်းလှူပူဇော်ပွဲတော်ကို မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၁၆)ကျောင်းမှ ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်း သံဃာတော် အပါး(၁၄၁)ပါးတို့ကို ပင့်ဖိတ်၍ အမှတ်()ရပ်ကွက်၊ ဆွမ်းလောင်းဓမ္မာရုံတွင် ကျွန်းကလေးလမ်း မိသားစုအလှူရှင်များ စုပေါင်းထည့်ဝင် လှူဒါန်းအပ်သော၍ သံဃာ့ဒါနအာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ၊ စာရေးတံများအား ဆက်ကပ်လောင်းလှူ ပူဇော်ကြပြီး လှူဒါန်းမှုအတွက် အလှူရှင်များက အမျှအတန်းပေးဝေ ဝမ်းမြောက်ဝမ်းသာ သာဓု()ကြိမ် ခေါ်ဆိုကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)