ကလေး ဇူလိုင် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့စိုက်ပျိုးရေးဦးစီးဌာနတွင် စပါးတင်း(၁၀၀)နှင့် အထက်ထွက်ရှိရေး စံပြစိုက်ကွက်နှင့် မျိုးစေ့ထုတ်စံပြ တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦစွာ ကလေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်စိုက်ပျိုးရေးမှူး ဦးနိုင်ထွန်းဝင်းမှ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြသည့် တောင်သူများအနေဖြင့် သီးနှံမျိုးကောင်းမျိုးသန့် မျိုးစေ့များ ထုတ်လုပ်နိုင်စေရန်၊ စိုက်ပျိုးရေးအလေ့ကျင့်ကောင်းများ (GAP) တိုးတက်အောင်ဆောင်ရွက်နိုင်စေရန်၊ စီးပွားရေးတွက်ချေကိုက်ပြီး ဈေးကွက်ဝင်သော သီးနှံများ ပိုမိုစိုက်ပျိုးလာနိုင်စေရန်နှင့် ဆွေးနွေးခဲ့ပြီး တောင်သူများထံသို့ လိုအပ်သည်များကို ဆက်လက်ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ကလေးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မြေအသုံးချရေးတာဝန်ခံ ဦးစီးအရာရှိ ဒေါ်မာန်အွေမှ တောင်သူများအား မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်စေရန်၊ စိုက်ပျိုးမြေပြုပြင် သုံးစွဲနည်းများ၊ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း၊ သဘာဝပိုးသတ်ဆေးရည် ပြုလုပ်သုံးစွဲနည်းများနှင့် ဓာတုဗေဒဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများသုံးစွဲမှုလျော့ချနိုင်ရေး၊ သဘာဝမြေဩဇာများ ပိုမိုသုံးစွဲ၍ ဘေးအန္တရာယ် ကင်းရှင်းသော လယ်ယာထွက်ကုန်များ စိုက်ပျိုးထုတ်လုပ်ပြီး ရရှိလာမည့်ကောင်းကျိုးများကို အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး တာဝန်ရှိသူများမှ တောင်သူများထံ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှဖိတ်ကြားထားသူများ၊ စံးပြစိုက်ကွက်စိုက်ပျိုးမည့် တောင်သူများနှင့် မျိုးစေ့ထုတ်တောင်သူ စုစုပေါင်း (၃၀)ဦးတို့တက်ရောက်ခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာအနေဖြင့် တောင်သူများကို စိုက်ပျိုးရေးဗဟုသုတများ တိုးပွားစေရန်အတွက် ဆွေးနွေးပွဲများ၊ စိုက်ပျိုးရေးသင်တန်းများနှင့် လက်တွေ့ကွင်းဆင်း ပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မောင်ကျော်(ပြန်/ဆက်)