ငါးသိုင်းချောင်းမြို့၊ အ-လ-က(ခွဲ) ဗိုလ်ချုပ်လမ်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ငါးသိုင်းချောင်း ဇူလိုင် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ အ-လ-က(ခွဲ) ဗိုလ်ချုပ်လမ်းကျောင်းခန်းမ၌ ဇူလိုင်လ ၁၃ ရက်နေ့၊ မွန်းလွဲပိုင်းက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲ၌ ရှေးဦးစွာ‌ရေကြည်မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူးဒေါ်ချယ်ရီမြင့်က အစားအသောက်နှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းအေးက ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေးနှင့် အားကစားဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ငါးသိုင်းချောင်း မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်နှင်းယုဝေက (၇၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်(အကြို) အာဇာနည်နေ့နှင့် ပါတ်သက်သည့် သိမှတ်ဖွယ်ရာများ ဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက အ-လ-က(ခွဲ) ဗိုလ်ချုပ်လမ်းကျောင်းသို့ အားကစားပစ္စည်းများ ပေးအပ်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများနှင့် လမ်း‌လျှောက်မယ်တေးသီချင်းဖြင့် ကာယလေ့ကျင့်ခန်း စုပေါင်းဆောင်ရွက်ခြင်း၊ အားကစား အသိပညာပေး လက်ကမ်းစာစောင်နှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များအား ကျောင်းသား/ကျောင်းသူများသို့ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ အ-လ-က(ခွဲ) ဗိုလ်ချုပ်လမ်းကျောင်းရှိ ဆရာ/ဆရာမများ/ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်းအင်အား(၁၅၄)ဦး တက်ရောက် လေ့လာခဲ့ကြောင်း သိရှိရပြီး ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များ၏ ကာယ၊ ဉာဏစွမ်းရည် တိုးတက်မြင့်မားလာစေရေးနှင့် ဗလငါးတန်၊ အသိပညာဗဟုသုတများ ဘက်စုံဖွံဖြိုးတိုးတက်ရရှိစေရေး ရည်ရွယ်လျက် သက်ဆိုင်ရာဌာနများက ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအစီအစဉ်များကို အခြေခံပညာကျောင်းများ၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်အားကစားမှူး ဒေါ်နှင်းနှင်းအေးက ပြောကြားထားကြောင်း သိရှိရသည်။

စိုးမင်းဦး(ပြန်/ဆက်)