ဘားအံ ဇူလိုင် ၁၃
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အောင်နိုင်ရေးအလံပေးအပ်ပွဲတွင် ကရင်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးအသင်း အုပ်ချုပ်သူ/နည်းပြ/အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးအားကစားနည်းဖြင့် ကရင်ပြည်နယ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်သူများဖြစ်ကြ စေလိုကြောင်း၊ ကရင်ပြည်နယ်အနေဖြင့်လည်း တိုင်းဒေသကြီး/ပြည်နယ်ပြိုင်ပွဲများတွင် အောင်မြင် မှုအစဉ်အလာကောင်းများ ရှိခဲ့ပြီး မိမိတို့၏အမြင့်မားဆုံးသော စွမ်းဆောင်ရည်များကို ပြသ၍ ကရင်ပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်ဆောင်ကြဉ်းပေးစေလိုကြောင်း၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့်လည်း ထိုက်တန်သော အားပေးချီးမြှင့်ထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တံခွန်စိုက်ဆုဖလားကြီးအား ဇွဲကပင်တောင်၏ အရိပ်အောက်တွင နားခိုနိုင်အောင် ဂုဏ်ဆောင်ပေး ခဲ့ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးအသင်းထံ အောင်နိုင်ရေးအလံကိုပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ကရင်ပြည်နယ် ဘောလုံး ဆပ်ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အောင်နိုင်ရေးကော်မတီဝင်များနှင့် ဇော်သကကုမ္ပဏီ တို့က ကရင်ပြည်နယ် အသက်(၁၉)နှစ်အောက်အမျိုးသား ဘောလုံးအသင်းအား ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကရင် ပြည်နယ်ဘောလုံးအသင်း အုပ်ချုပ်သူ/နည်းပြ/အားကစားသမားများအား တစ်ဦးချင်းရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်း ရသည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)