သတင်းများ

လေးမျက်နှာမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်
Jul 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်း၌ စားသုံးသူရေးရာ ကာကွယ်ရေးဆိုင်ရာ အသိ ပညာပေး (Talk Show) ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံး မြို့နယ်၊ ကျောင်းများအား ဂုဏ်ပြုဆုချီးမြင့်ပွဲ အခမ်းအနားတက်ရောက်
Jul 19,2022
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံး မြို့နယ်၊ ကျောင်းများအား ဂုဏ်ပြု ဆုချီးမြင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်း အတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသ ကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရွှေတောင်စု ခေတ်မီစံပြ‌ကျေးရွာ၌ အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်နည်းသင်တန်း အမှတ်စဉ် (၃/၂၀၂၂) ဖွင့်လှစ်
Jul 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် မကျီးကုန်းကျေးရွာအုပ်စု၊ ရွှေတောင်စု ခေတ်မီစံပြကျေးရွာတွင် ယမန်နေ့ နံနက် ၉ နာရီက အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်နည်း သင်တန်းအမှတ်စဉ် (၃/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇလွန်မြို့နယ်တွင် (၇၅)နှစ်မြောက် အာဇာနည်နေ့ ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြ​ပွဲကျင်းပ
Jul 18,2022
ဧရာဝတီတိုင်း‌ဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center) ခန်းမတွင် (၇၅)နှစ်မြောက် အာဇာနည် နေ့ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် ကျင်းပြုလုပ်ခဲ့သည်။
ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jul 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးနှင့် တစ်ဦးနှင့်တစ်ဦး ကူးစက်မှု လျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို မြို့ပေါ် မြို့နယ် သာသနာ့ဗိမာန်တော်ကြီးနှင့် ကျေးရွာအုပ်စုများရှိ စုရပ်များတွင် ဆက်လက် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်၌ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းသရုပ်ပြပွဲ ကျင်းပ
Jul 18,2022
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်းရှိ တောင်သူများ လယ်ယာကဏ္ဍ၌ စက်မှုလယ်ယာစနစ် ပြည့်ဝစွာပြောင်းလဲကျင့်သုံးနိုင်ရေး၊ လူအင်အားစိုက်ထုတ်မှုသက်သာစေရေး၊ မိုးစပါးဖွံ့ဖြိုးတိုးတက်ရေး၊ မြေဆီလွှာဖွံဖြိုးတိုးတက်ရေးအတွက်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးရေး ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေး‌နွေး
Jul 18,2022
ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဦးတည်အုပ်စု အလိုက် ကာကွယ်ဆေးထိုးရန် အကျုံးဝင်သူအားလုံး ထိုးနှံပေးနိုင်ရေး အသေးစိတ်အစီအမံများဖြင့် ဆောင်ရွက်လျက်ရှိရာ ကာကွယ်ဆေးထိုးလုပ်ငန်း သတ်မှတ်ကာလမတိုင်မီ ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၈ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
မြောင်းမြခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် အာဇာနည်နေ့အထိမ်းအမှတ် ကလေးများ ဉာဏ်ရည်မြှင့်ပြိုင်ပွဲများ ကျင်းပ
Jul 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)တွင် ကလေးများ ဉာဏ်ရည်တိုးတက်စေရန်အတွက် ကဗျာရွတ်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။