မိုင်းယန်း ဇူလိုင် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်အုပ်ချုပ်ရေးကောင်စီမှ ကြီးမှူးကျင်းပသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဈေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္က ဦးကျော်ဇင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးမှ ဟောပြောပွဲပြုလုပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဒုဦးစီးမှူး ဦးညွှန့်ဝင်း၊ လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းစိုးတို့မှ လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်များဖြစ်ပွားရခြင်း အခြေခံသဘောတရားများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် မိုင်းယန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုင်းမောင်ထွေးက လူကုန်ကူးမှုနှင့်လူမှောင်ခိုကူးမှု မတူညီသည့် ကွာခြားချက်များနှင့် ပြစ်မှုပြစ်ဒဏ်များဆိုင်ရာကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး မြို့မရဲစခန်းမှူး ဒုရဲမှူးမျိုးမင်းလတ်မှ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်မှုအခြေအနေများကို မှတ်တမ်းများနှင့်တကွ အသိပညာပေး ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး