မြောင်းမြ ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် (၂၃) ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲကို ခရိုင်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးနှင့် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများကို ဆုချီးမြှင့်နိုင်ရေးတို့အတွက် ယမန်နေ့ ညနေ (၄) နာရီ (၃၀)မိနစ်တွင် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင်အတွင်းရှိ မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ မြို့နယ်တို့မှ အဆိုဘာသာရပ်တွင် ဝါသနာရှင်(ဒုတိယတန်း) မဟာဂီတ၊ ခေတ်ဟောင်း/ကာလပေါ်၊ အမျိုးဂုဏ်ဇာတိဂုဏ် မြင့်မားရေးတေးသီချင်း၊ အခြေခံ အသက် (၁၀- ၁၅)နှင့် ( ၁၆-၂၀) ခေတ်ဟောင်း/ ကာလပေါ်၊ အကဘာသာရပ်တွင် ဝါသနာရှင် ( ဒုတိယတန်း) တပင်တိုင်အက၊ အခြေခံ အသက်( ၁၅-၂၀)နှင့် (၁၀-၁၅) တပင်တိုင်အက၊ မွန်တိုင်းရင်းသားရိုးရာအက၊ ကဗျာလွတ်အက၊ အရေးဘာသာရပ်တွင် ဝါသနာရှင် (ပထမတန်း)၊ အတီးဘာသာရပ်တွင် ဝါသနာရှင် (ဒုတိယတန်း) တစ်ဦးချင်းဆိုင်း၊ အခြေခံ အသက် (၁၀-၁၅) တစ်ဦးချင်းစန္ဒယားနှင့် တစ်ဦးချင်းတယော၊ အခြေခံ အသက်(၁၀-၁၅)နှင့် (၁၅-၂၀) တို့တွင် တစ်ဦးချင်းဆိုင်း၊ အခြေခံအသက် ( ၁၀- ၁၅) တွင် အဖွဲ့လိုက်အိုးစည်တို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်အဆင့် အဆိုအက အရေးအတီးပြိုင်ပွဲနှင့် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို အ.ထ.က (၁) ပညာရတနာ ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးတို့အတွက် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများ ဖွဲ့စည်း၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မြောင်းမြခရိုင်-ပြန်ဆက်