သတင်းများ

ဒဂုံမြို့နယ်၌ ဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်၊ စာစောင်များအား ​ကျောင်းသား​ကျောင်းသူများ လက်ဝယ်အရောက်ငှားရမ်း
Jul 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာ ရရှိစေရန်၊ စာအုပ်စာပေများကို ပြည်သူများ လက်ဝယ်အရောက် အလွယ်တကူ ဖတ်ရှူ​လေ့လာနိုင်​စေရန်နှင့် စာပေကိုပိုမိုမြတ်နိုး တန်ဖိုးထားတတ်​စေရန် ရည်ရွယ်၍ ဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်၊ စာစောင်များအား ​ကျောင်းသားကျောင်းသူများ လက်ဝယ်အ​​ရောက် ငှားရမ်းပေးခြင်းကို ယမန်​နေ့နံနက် (၁၀) နာရီအချိန်က ဒဂုံမြို့နယ် အမှတ်(၂) အ​ခြေခံပညာအလယ်တန်း​ကျောင်း၌​ ကွင်းဆင်း ဆောင်ရွက်​ခဲ့သည်။
ပေါင်းတည်မြို့နယ်တွင် e-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ၂၆၂၃၇ ခုအား ကွန်ပျူတာထဲသို့ရိုက်သွင်းခြင်းနှင့် Software ထဲသို့ ထည့်သွင်းခြင်းဆောင်ရွက်
Jul 22,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)အချက်အလက်များကို e-ID စနစ်ဖြင့် ကွန်ပျူတာထဲသို့ရိုက်သွင်းခြင်းနှင့်
ဖြူးမြို့နယ်တွင် တိရိစ္ဆာန်အစာပင် နေပီယာမြက်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက် 
Jul 22,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်တွင် တိရိစ္ဆာန်များအတွက် အကျိုးရှိစေသော အစားအစာများဖြစ်သည့် တိရိစ္ဆာန်အစာပင် နေပီယာမြက်များ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဖြူးမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူများက ၂၀၂၂-ခုနှစ် မိုးရာသီ ကာလအတွင်း စိုက်ပျိုးခြင်း၊ စိုက်ပျိုးနိုင်ရန်အသိပညာပေးခြင်းများကို ဆောင်ရွက်နေလျက် ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
အခြေခံပညာကျောင်းများတွင် အသိပညာပေးအစီအစဉ်များဆောင်ရွက်
Jul 22,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြိုနယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အခြေခံပညာကျောင်းများ၌ အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဝမ်းတွင်း)တွင် ဆောင်ရွက်ခဲ့သည်။
မြန်အောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ထန်းသုံးပင်) (၂)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
Jul 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ထန်းသုံးပင်ကျေးရွာအုပ်စု အခြေခံပညာ အထက်တန်းကျောင်း (ထန်းသုံးပင်)၌ (၁၄၀×၃၀)ပေ RC (၂)ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ရန် ကျောင်းဆောင်သစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်က ကျင်းပ ပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ် မြို့၀န်ကုန်းအခြေခံပညာမူလတန်းကျောင်းတွင် နွားနို့နှင့်ကြက်ဥအာဟာရတိုက်​ကျွေး
Jul 22,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပုဂ္ဂလိကလုပ်ငန်းရှင်တို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့၀န်းကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် နွားနို့နှင့်ကြက်ဥအာဟာရတိုက်ကျွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့ ကန်သာယာအနောက်ဘက်ကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အချိန်မီပြီးစီးရေး စက်ယန္တရားကြီးများအသုံးပြုဆောင်ရွက်
Jul 22,2022
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် မုံရွာမြို့နယ် စည်ပင်သာယာရေး အဖွဲ့က တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မုံရွာမြို့ ကန်သာယာ အနောက်ဘက်ကန်သာယာ ဖွံ့ဖြိုးရေး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် စက်ယန္တရားကြီးများကို အသုံးပြုဆောင်ရွက်လျက်ရှိပါကြောင်း မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းထံက သိရသည်။
တောင်ငူ၌ ကျောင်းအခြေပြု အခြေခံ / အဆင့်မြင့် စက်ချုပ်သင်တန်း အပတ်စဉ် ၂/၂၀၂၂ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ
Jul 22,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၏ ကျောင်းအခြေပြု အခြေခံ / အဆင့်မြင့် စက်ချုပ်သင်တန်း အပတ်စဉ် ၂/၂၀၂၂ သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကျောင်းခန်းမတွင်ကျင်းပသည်။