သတင်းများ

တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Jul 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသားလူငယ်များ ကာယဉာဏဖွံ့ဖြိုးတိုးတက်စေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှု့လိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်၊ စာဖတ်ရှိန်မြှင့်တင် ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်း အကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍(Youth  Club)အဖွဲ့ဝင် ကျောင်းသားလူငယ်များနှင့်ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် တောသားလေးတစ်ယောက် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က  ပြုလုပ်ဆောင်ရွက်ခဲ့သည်။
လေးမျက်နှာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေထုတ်ချေး
Jul 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ နှစ်စဉ်ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင် သခွတ်ချောင်းကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခဲ့သည်။
မိတ္ထီလာမြို့နယ်၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်နည်းသင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ
Jul 25,2022
မိတ္ထီလာမြို့နယ် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ  ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလှမ်းရရှိရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် လူသုံးကုန် ထုတ်လုပ် နည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ သင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရပါတယ်။
ပေါင်းတည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Jul 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မြန်မာ့စီးပွါးရေးဘဏ်ခွဲ၌ နိုင်ငံဝန်ထမ်း အငြိမ်းစားများ၏ပင်စင်လစာများကို လစဉ် ၂၁ ရက်နေ့မှ စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
“ဝ”ဥ စိုက်တောင်သူများ နည်းပညာအားနည်းနေ၍ အခက်ကြုံ
Jul 25,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်တွင် တစ်နှစ်ထက်တစ်နှစ် “ဝ”ဥ ဈေးကောင်းရလာသော်လည်း စိုက်ပျိုးနည်းပညာ အားနည်းနေ၍ တောင်သူများ အခက်ကြုံနေ ရကြောင်း “ဝ”ဥစိုက်တောင်သူများက ပြောသည်။
ချမ်း​အေးသာစံမြို့နယ်ရှိ နံကပ် (၂) ထပ်တိုက်အိမ် ဖြိုဖျက်​သောလုပ်ငန်းခွင်တွင် တိုက်ပြိုကျရာမှ လူ (၃) ဦးထိခိုက်ဒဏ်ရာရရှိပြီး (၂) ဦးသေဆုံး
Jul 25,2022
မန္တလေး၊ ချမ်း​အေးသာစံမြို့နယ်၊ ချမ်း​အေးသာစံအ​နောက်ရပ်ကွက် ၂၉ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားရှိ နံကပ်(၂)ထပ်တိုက်အိမ်အား ဖြိုဖျက်​သောလုပ်ငန်းခွင်တွင် ယမန်နေ့ညနေ ၃ နာရီကျော်ခန့်က မ​​တော်တဆမှုဖြစ်ပွားရာမှ တိုက်အိမ်ပြိုကျခဲ့ပြီး အ​ဆောက်အဦဖျက်​သော လုပ်သား (၃) ဦး ထိခိုက်ဒဏ်ရာ ရရှိကာ(၂)ဦး သေဆုံးခဲ့ကြောင်းသိရသည်။
မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စာတိုက်မှူးနှင့် စာတိုက်ငွေစာရင်းသင်တန်း၊ ဒု-ရုံပိုင်(အလုပ်သင်)သင်တန်းနှင့် IP Networking သင်တန်းများ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jul 25,2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် စာတိုက်မှူးနှင့် စာတိုက်ငွေစာရင်းသင်တန်း အမှတ်စဉ် (၁၈/၂၀၂၂)၊ ဒု-ရုံပိုင်(အလုပ်သင်)သင်တန်း အမှတ်စဉ် (၃၈/၂၀၂၂) နှင့် IP Networking သင်တန်း အမှတ်စဉ်(၆/၂၀၂၂)များ ဖွင့်ပွဲအခမ်းအနားကျင်းပ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ် အချိန်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(တတိယအကြိမ်) Booster Dose ထိုးနှံ
Jul 25,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပြီး၍ (၆)လပြည့်သည့် ပြည်သူများအား(တတိယအကြိမ်) Booster Dose ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်တွင် အမှတ်(၈)ရပ်ကွက်ရှိ ပြည်သူများအား ဇီဝကပန်းခြံဓမ္မာရုံ၌ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။