သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ်တွင် အမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jul 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် မြို့နယ်ပညာရေးဌာန ပူးပေါင်း၍ မြို့နယ် သန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု မရှိစေရေး အတွက် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ငုဝါဆောင်ခန်းမ၌ ကျင်းပသည်။
မွန်ပြည်နယ်အတွင်း စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်လမ်း ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ
Jul 22,2022
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MSCCI) တို့ပူးပေါင်း၍ မွန်ပြည်နယ်အတွင်း စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖွံ့ဖြိုးရေးဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ငွေမိုးဟိုတယ် အနော်ရထာခန်းမ၌ ကျင်းပခဲ့သည်။
ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး  “ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအကြောင်းအသိပညာပေး (Talk Show) ကျင်းပ
Jul 22,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအသိပညာပေး (Talk Show) ကို ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပခဲ့သည်။
အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး Mask Campaign ဆောင်ရွက်
Jul 22,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ကျဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေး Mask Campaign ပြုလုပ်ခြင်းကို မြို့အထွက်ဟင်းငုပ်ပင်ဂိတ်နေရာ၌ ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်တွင် ငါးသယံဇာတတိုးပွားရေးအတွက် သဘာဝရေပြင်အတွင်း ငါးမျိုး စိုက်ထည့်
Jul 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးသယံဇာတများရေရှည် တည်တံစေရေးနှင့် ကျေးလက်နေ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိစေရေးအတွက် သဘာဝ ရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၉နာရီအချိန်က ပန်းလှိုင် ရေထိန်းတံခါးတွင် ဆောင်ရွက်ခဲ့သည်။
ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦများ လျှပ်စစ်အန္တရာယ် ကာကွယ်ကင်းရှင်းရေး ကြည့်ရှုစစ်ဆေး
Jul 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရား၊ စေတီ၊ သာသနိက အဆောက်အဦများ လျှပ်စစ် အန္တရာယ်ကာကွယ်ကင်းရှင်းရေးအတွက် ယနေ့ နံနက် ၁၁ နာရီက တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာရေး Talk Show ဆွေးနွေးပွဲကျင်းပ
Jul 22,2022
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ခေါင်းစဉ်ဖြင့် အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ‌နိုင်စေရေးအတွက် အသိပညာပေးခြင်း Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။
စလင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program ဖြင့် ထည့်သွင်းရိုက်ကူးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 22,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ (၆၆/၆) များအား Software Progran ဖြင့် ထည့်သွင်းရိုက်ကူးခြင်းလုပ်ငန်းကို ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ဇူလိုင်၂၂ ရက် နံနက် ၁၀ နာရီခွဲအချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဌာနဆိုင်ရာများနှင့် စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။