သတင်းများ

နတ်မောက်မြို့၌ တစ်နိုင်တစ်ပိုင် ဖရုံစိုက်ပျိုးခြင်းဖြင့် မိသားစု ပုံမှန်ဝင်ငွေ ရရှိ
Jul 22,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၊ မြို့မကွက်သစ်ရပ်ကွက်တွင်  တစ်နိုင်တစ်ပိုင် ဖရုံစိုက်ပျိုးခြင်းဖြင့် မိသားစု ပုံမှန်ဝင်ငွေ ရရှိကြောင်း သိရသည်။
ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်များပုံမှန်ထုတ်ပေး
Jul 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကာလအတွင်း ပင်စင်စားများအား ပင်စင်လစာများကို ယမန်နေ့နံနက်ပိုင်းကစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ
Jul 22,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့ အမှတ်(၂)အ.ထ.က ရှိ ထောက်ပံ့ရန်လိုအပ်သည့် ကျောင်းသား/ ကျောင်းသူများအား ကျောက်ပန်းတောင်းတပ်နယ်မှူးမှ ကျောင်းဝတ်စုံစာရေးကိရိယာနှင့် ပညာသင်စရိတ်များ ထောက်ပံ့လှူဒါန်း
Jul 22,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ဆက်လက်ပညာသင်ယူရန် ခက်ခဲမှုရှိ၍ ထောက်ပံ့ရန်လိုအပ်နေသည့် ကျောင်းသား/ကျောင်းသူများအား၊ ကျောက်ပန်းတောင်းတပ်နယ်မှူးမှ ကျောင်းဝတ်စုံ၊ စာအုပ်/စာရေးကိရိယာနှင့် ပညာသင်စရိတ်များ ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို၊ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အဆိုပါကျောင်းရှိ စုဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
သုံးစွဲသူနည်းလာသဖြင့် မြို့သစ်မြို့ရှိ ပန်းပဲဖိုလုပ်ငန်းများ ပျောက်ကွယ်လုနီးပါးဖြစ်လာ
Jul 22,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ မြန်မာ့ရိုးရာလက်မှု့ပညာတစ်ခုဖြစ်သည့် ပန်းပဲလုပ်ငန်းမှာ အသုံးပြုသုံးစွဲသူ နည်းပါးလာပြီး ပန်းပဲလုပ်ငန်းများ ပျောက်ကွယ်လုနီးပါးဖြစ်လာကြောင်း မြို့သစ်မြို့ရှိ ပန်းပဲလုပ်ငန်းလုပ်ကိုင်သူ များထံက သိရသည်။
ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဝါသနာတူ ကလပ်အသင်းများပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
Jul 22,2022
ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကိုနားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများရရှိလာစေရန်၊ အမှားအမှန်ဝေဖန်ပိုင်ခြားနိုင်စေရန် နှင့်အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၉ နာရီက ဝါသနာတူကလပ်အသင်းများစုစည်းပြီး စာရေးသူ အောင်သင်း ရေးသားထားသည့် “ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ ” စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကိုဗစ်-၁၉ ကုသရေးအဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး
Jul 22,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ကိုဗစ်-၁၉ ကုသရေးအဆောင် ဆောက်လုပ်နေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက  ယမန်နေ့နံနက် ၁၁ နာရီခွဲက ကြည့်ရှုစစ်ဆေးခဲ့သည်။
စဉ့်ကူးမြို့နယ် မိုးကောင်းကြီးကျေးရွာတွင် ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး
Jul 22,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ မိုးကောင်းကြီးကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်သီးနှံများအား ဈေးကွက်အတွင်းသို့ ရာသီမရွေး လွယ်ကူလျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်စေရေးနှင့် တောင်သူများ၏ စိုက်ပျိုးမြေဧကများသို့ အလွယ်တကူ သွားလာနိုင်ရေးတို့အတွက် မိုးကောင်းကြီးကျေးရွာတွင် ရွှေပြည်သစ္စာကုမ္ပဏီမှ တာဝန်ယူဖောက်လုပ်ပေးလျက်ရှိသော ကုန်ထုတ်လမ်းဖောက်လုပ်ပေးနေမှု အခြေအနေတို့ကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။