ပေါင်းတည်မြို့နယ်တွင် e-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ၂၆၂၃၇ ခုအား ကွန်ပျူတာထဲသို့ရိုက်သွင်းခြင်းနှင့် Software ထဲသို့ ထည့်သွင်းခြင်းဆောင်ရွက်

ပေါင်းတည် ဇူလိုင် ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆)အချက်အလက်များကို e-ID စနစ်ဖြင့် ကွန်ပျူတာထဲသို့ရိုက်သွင်းခြင်းနှင့် Software ထဲသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်းဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ဇူလိုင် ၁၈ ရက်နေ့က စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းစုစုပေါင်း(၂၆၂၃၇)ခု၏ (ပုံစံ-၆၆/၆)အချက်အလက်များကို e-ID စနစ်ဖြင့် ကွန်ပျူတာထဲသို့ရိုက်သွင်းခြင်းနှင့် Software ထဲသို့ သတ်မှတ်ချိန်အတွင်း ရေးသွင်းဆောင်ရွက်ခြင်းကို မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဝန်ထမ်း(၁၂)ဦးနှင့် အခြားဌာနဆိုင်ရာဝန်ထမ်း(၄၄)ဦး စုစုပေါင်း(၅၆)ဦးတို့မှ အဖွဲ့(၃)ဖွဲ့ဖြင့် သတ်မှတ်ကာလအတွင်း အောင်မြင်စွာရေးသွင်းပြီးနိုင်ရန် နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၅ နာရီထိဆောင်ရွက်လျက်ရှိ​သည်။

ယင်းလုပ်ငန်းဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသန့်နှင့် တာဝန်ရှိသူများက ကြီးကြပ်ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးမှူးထံမှ သိရသည်။

အေးအေးဆင့် (ပြန်/ဆက်)