ဒဂုံမြို့နယ်၌ ဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်၊ စာစောင်များအား ​ကျောင်းသား​ကျောင်းသူများ လက်ဝယ်အရောက်ငှားရမ်း

ဒဂုံ ဇူလိုင် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာ ရရှိစေရန်၊ စာအုပ်စာပေများကို ပြည်သူများ လက်ဝယ်အရောက် အလွယ်တကူ ဖတ်ရှူ​လေ့လာနိုင်​စေရန်နှင့် စာပေကိုပိုမိုမြတ်နိုး တန်ဖိုးထားတတ်​စေရန် ရည်ရွယ်၍ ဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်၊ စာစောင်များအား ​ကျောင်းသားကျောင်းသူများ လက်ဝယ်အ​​ရောက် ငှားရမ်းပေးခြင်းကို ယမန်​နေ့နံနက် (၁၀) နာရီအချိန်က ဒဂုံမြို့နယ် အမှတ်(၂) အ​ခြေခံပညာအလယ်တန်း​ကျောင်း၌​ ကွင်းဆင်း ဆောင်ရွက်​ခဲ့သည်။

ထိုကဲ့သို့ Mobile Library ဖွင့်လှစ်၍ ငှားရမ်းပေးရာတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်ရုံးရှိ ဝန်ထမ်းများက စာဖတ်စာငှားနှင့် အသင်း ဝင်တိုးပွား​စေရန် စာငှားကတ်များ ပြုလုပ်​ပေးခြင်း၊ ရုံးတွင်ဖတ်ရှုငှားရမ်းနိုင်​သောသုတ၊ ရသစာအုပ်စာ​စောင်များအား ​ကြော်ငြာ​ပေးခြင်း၊ ယခင်ငှားရမ်းပေးထားသော စာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး အသစ်ပြန်လည်ငှားရမ်းပေးခြင်းများ​ ဆောင်ရွက်​ပေးခဲ့သည်။

အဆိုပါသုတ၊ ရသစသည့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းကို ဒဂုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့်​ ကျောင်းများသို့ အလှည့်ကျသွားရောက်၍ အခမဲ့ ငှားရမ်းပေးသွားမည်ဖြစ်​သည်၊၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်ရုံးအနေဖြင့် ပြည်သူများအား အသိပညာဗဟုသုတများစွာ ရရှိစေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း Talk Showများ၊ ဟောပြောပွဲများ၊ ကလေးများအတွက် ပုံပြင်များ၊ အသိပညာ​ပေး အ​ကြောင်းအရာများကိုလည်း Online မှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

မေသန္တာ