သတင်းများ

ကဝမြို့နယ်တွင် နှာခေါင်းစည်း (Mask)တပ်ဆင်ရေးလှုပ်ရှားမှု ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်
Jul 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါတားဆီးကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည် ယနေ့နံနက် (၇:၀၀)နာရီက ကဝ-ပဲခူးလမ်းမကြီးရှိ ပြည်သူ့ဆေးရုံရှေ့နှင့် လူစည်ကားရာလမ်းဆုံတို့တွင် နှာခေါင်းစည်း Mask တပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ် ဘောလည်မြစ်အတွင်းသို့ နှစ်လက်မအရွယ် ငါးသားပေါက်ကောင်ရေ ငါးသိန်းငါးမျိုးစိုက်ထည့်
Jul 23,2022
ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ စီစဉ်ကြီးကြပ်မှုများဖြင့် ငါးမျိုးစိုက်ထည့်ခြင်းများကို တိုင်းဒေသကြီးအတွင်းဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ နဲသမိန်ကျေးရွာအုပ်စု၊ နဲသမိန်ကျေးရွာရှိ ဘောလည်မြစ်အတွင်းသို့ နှစ်လက်မအရွယ်ငါးမြစ်ချင်းနှင့် ရွှေဝါငါးကြင်းငါးသားပေါက်ကောင်ရေ ငါးသိန်းတို့ကို တိုင်းဒေသကြီးတာဝန်ရှိသူများနှင့် မြို့နယ်တာဝန်ရှိသူများ ပူးပေါင်းကာငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ကန်သာယာကန် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်း များဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Jul 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်ဝန်းကျင်နှင့် မြို့ရာပြည့်စေတီတော်တို့အား သန့်ရှင်းသာယာသပ်ရပ်စေရေး၊ မြို့နေပြည်သူများ အားလပ်ရက်များတွင် လာရောက်အပန်းဖြေရာတွင် စိတ်အေးချမ်းသာစွာဖြင့် အပန်းဖြေနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမူရေးအသင်းအဖွဲ့ဝင်များ၊ ပြည်သူများပူးပေါင်း၍  စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
မိုင်းယောင်း၌ “ပန်းသွင်လှပမွှေးကြူရေး လူကုန်ကူးမှုတားဆီးပေး”ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကျင်းပ
Jul 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ “ပန်းသွင်လှပ မွှေးကြူရေးလူကုန်ကူးမှုတားဆီးပေး”ခေါင်းစဉ်ဖြင့် လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Jul 23,2022
 ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများမှ ကာကွယ်နိုင်စေရန်၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်တားဆီးကာကွယ်နိုင်စေရန်နှင့် ဆင်ခြေထောက် ရောဂါ ဖြစ်ပွားမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍ ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပါးစပ်နှာခေါင်းစည်းဖြန့်ဝေခြင်းများဆောင်ရွက်
Jul 23,2022
ကချင်ပြည်နယ်ဖားကန့်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး သွန် လဲ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်က ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။
မိုင်းရှူးမြို့နယ်တွင် ဆီထွက်သီးနှံများစိုက်ပျိုးရန် လျာထားသောကျေးရွာများအား ကွင်းဆင်းစိစစ်ဆောင်ရွက်
Jul 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ဆီထွက်သီးနှံများ စိုက်ပျိုးရန်လျာထားသော ကျေးရွာများအားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ယနေ့နံနက်(၁၀)နာရီခွဲချိန်က နားစံကျေးရွာ၌ ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့၌ ၂၀၂၂-ခုနှစ် မိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
Jul 23,2022
သယံဇာတနှင့်သဘာဝ  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၏ ၂၀၂၂ - ခုနှစ်၊ မိုးရာသီအကြို လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈:၀၀)နာရီအချိန်က ငှက်လှန်ရိုးဆည် မြောက်ဘက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။