ခရမ်းမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ၆၆/၆)များအား Software Program ထည့်သွင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး
Jul 27,2022
လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရန်နှင့် မဲစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း(၆၆/၆)ပါ အချက်အလက်များအား ဆော့ဖ်ဝဲလ်နည်းပညာအသုံးပြု၍ Data Base ရေးသွင်းခြင်းလုပ်ငန်းများ အချိန်မီရေးသွင်းပြီးစီးရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ စာရင်းရေးသွင်း ဆောင်ရွက်နေမှုများအား ခရမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ရဲနှင့် တာဝန်ရှိသူများအဖွဲ့က ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှု အားပေးခဲ့သည်။