ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကင်း ဇူလိုင် ၂၃

 ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ခြင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများမှ ကာကွယ်နိုင်စေရန်၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်တားဆီးကာကွယ်နိုင်စေရန်နှင့် ဆင်ခြေထောက် ရောဂါ ဖြစ်ပွားမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍ ရန်ကင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ခြင်ဆေးဖျန်းခြင်း လုပ်ငန်းကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျောင်းအုပ်ကြီး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ စည်ပင် သာယာရေး၊ လမ်းတံတား၊ ပန်းဥယျာဉ်၊ ပတ်ဝန်း ကျင်သန့်ရှင်းရေး၊ ရေစီးရေလာ၊ ကျန်းမာရေး၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီ အသင်း၊ လူမှု အထောက်အကူပြုအဖွဲ့များမှ တာဝန်ရှိသူများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့်အဖွဲ့၊ မြို့မိမြို့ဖများ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် ခြင်ဆေးဖျန်းခြင်း၊ သုံးရေများအတွင်း အဘိတ်ဆေး ခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သို့ဖြစ်ရာ ရန်ကင်းမြို့နယ်အတွင်းရှိ ကျန်ရှိနေသော ရပ်ကွက်များနှင့်ကျောင်းများကိုလည်း ခြင်မှ တစ်ဆင့်ကူးစက်တတ်သော ရောဂါများမှ ကာကွယ်နိုင်စေရန်အတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ပူး‌ပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အိရွှေစင်(ပြန်/ဆက်)