ကဝ ဇူလိုင် ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါတားဆီးကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည် ယနေ့နံနက် (၇:၀၀)နာရီက ကဝ-ပဲခူးလမ်းမကြီးရှိ ပြည်သူ့ဆေးရုံရှေ့နှင့် လူစည်ကားရာလမ်းဆုံတို့တွင် နှာခေါင်းစည်း Mask တပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည် ကဝ- ပဲခူးလမ်းမကြီးရှိ မြို့နယ်ပြည်သူ့ဆေးရုံရှေ့နှင့် လူစည်ကားရာလမ်းဆုံတို့တွင် မြို့နယ်နေပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာရေးအတွက် အသိပညာပေးပြောကြားခဲ့ပြီး၊ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် လူစည်ကားရာနေရာများတွင် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)