ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရာတွင် ထိရောက်သော ဝန်ဆောင်မှုပေးနိုင်ရန် ပြည်သူ့ဆက်ဆံရေးဘာသာရပ်များ ဒုတိယအကြိမ်ဆွေးနွေးပို့ချ
Jul 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ ဆောင်ရွက်နေသော ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနဝန်ထမ်းများအား ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆက်ဆံရေးကို သိရှိနားလည်ပြီး လုပ်ငန်းခွင်အတွင်း လက်တွေ့ဆောင်ရွက် ရာ၌ အထောက်အကူပြုစေရန်၊ ပြည်သူလူထုအား ထိရောက်သည့် ဝန် ဆောင်မှုကောင်းများပေးနိုင်ရန်အတွက် ဇူလိုင် ၂၅ ရက်မှစ၍ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ်များကို ဒုတိယအကြိမ် ဆွေးနွေးပို့ချလျက်ရှိရာ ယမန်နေ့ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ပြည်သူ့ဆက်ဆံရေးဘာသာရပ် ပို့ချပေးကြောင်း သိရှိရသည်။