ဖားကန့် ဇူလိုင် ၂၃
ကချင်ပြည်နယ်ဖားကန့်မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမဖြစ်ပေါ်စေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး သွန် လဲ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်က ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အဆင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်များရှိလူနေအိမ်များ၊ ရုံးဌာနများ၊ မော်ဝမ်းရပ်ကွက်ရှိ စည်ပင်သာယာဈေး၊ စာသင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုလုပ်ငန်းများဆောင်ရွက်စဉ် ရပ်ကွက်နေပြည်သူများနှင့် မော်ဝမ်းရပ်ကွက် စည်ပင်သာယာစျေးအတွင်းမှ စျေးရောင်းစျေးဝယ်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများအနေဖြင့် ပါးစပ်နှာခေါင်းစည်း(Mask) များကိုဝေငှခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)