မလှိုင်မြို့၊ သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၌ ဝါတွင်းကာလ တတိယအပတ် ဆွမ်း၊ ဆွမ်းဟင်း၊ ဘောဇဉ်များ ဆက်ကပ်လှူဒါန်း
Jul 27,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့၊ အမှတ်(၂)ရပ်ကွက်၊ သမိုင်းဝင်ရွှေမုဋ္ဌော စေတီတော်မြတ်ကြီး အာရုဏ်ခံတန်းဆောင်တွင် ဝါတွင်းကာလ တတိယအပတ်အဖြစ် ဘုန်းတော်ကြီးကျောင်းတိုက် (၅၀) ကျောင်းတို့တွင် ဝါဆိုသီတင်းသုံးနေကြသော သံဃာတော်အရှင်သူမြတ် (၃၆၇) ပါးတို့အား ဝါတွင်းကာလ ဝါဆိုနေစဉ်ကာလအတွင်း ဆွမ်း၊ ဆွမ်းဟင်း၊ ဘောဇဉ်အခက်အခဲမရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၊ ဒေသခံစေတနာရှင် အလှူရှင်များစုပေါင်း၍ ယနေ့နံနက် (၉) နာရီအခွဲအချိန်တွင် ဒေါ်လှချုံမိသားစု တန်းဆောင်တွင် လောင်းလှူခဲ့ကြောင်း သိရသည်။