သတင်းများ

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး(မိုးညှင်း)၌ ပြည်သူ့ဆက်ဆံရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၂)ဖွင့် လှစ်ပို့ချ
Jul 27,2022
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ခရိုင်ရုံး(မိုးညှင်း) သင်တန်းခန်းမ၌ ပြည်သူ့ဆက်ဆံရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၂)ကို ယမန်နေ့ ညနေ(၄)နာရီက ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့နယ်ပညာရေးဌာန ငွေစုငွေချေးသမဝါယမအသင်း နှစ်ပတ်လည် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 27,2022
၂၀၂၀ -၂၀၂၁ နှင့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍရေးနှစ် မြစ်ကြီးနားမြို့နယ် ပညာရေးဌာန ငွေစုငွေချေး သမဝါယမအသင်းလိမိတက် အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ယနေ့နံနက် ၁၀ နရီက ကျင်းပခဲ့သည်။
ဖျာပုံမြို့Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်
Jul 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club) နှင့် ပူးပေါင်း၍ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက်(၁၀)နာရီ အချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။
ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့မှ ဝက်ဆူကျေးရွာ၊ အောင်သုခကျောင်းတိုက် ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကျင်းပ
Jul 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၁)ဗိုလ်မှုးဖြိုးသူရကျော်နှင့် အဖွဲ့ဝင်(၂)ဦးသန်းဦးတို့သည် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ လိုက်ပါလျက်  ဝက်ဆူကျေးရွာအုပ်စု၊ ဝက်ဆူရွာ ​အောင်သုခကျောင်းတိုက် ဓမ္မာရုံ၌ ဒေသခံပြည်သူများနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို ယမန်နေ့ညနေ(၃)က ကျင်းပပြုလုပ်ခဲ့သည်။
ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကျင်းပခြင်းနှင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရှိ ဆေးကုသမှုခံယူနေသော လူနာများအား ကြည့်ရှုအားပေး
Jul 27,2022
ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ပြည်သူ့ ဆေးရုံအုပ်ကြီး၊ ပြည်နယ်ကိုဗစ်-၁၉ ကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လွှမ်းခြုံနိုင်ရေး Booster (Covishield)အား အရှိန် အဟုန်မြှင့် ဆက်လက်ထိုးနှံ
Jul 27,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၆.ရ.၂၂ရက်နေ့ ယမန်နေ့နံနက် ၀၉:၀၀ နာရီက အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝင်း အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါလွှမ်း​ခြုံနိုင်ရေး အရှိန်အဟုန်မြှင့်  ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မသန်စွမ်းသူမှားနှင့် မသန်စွမ်းမိသားစုဝင်များအား ပါဝါမျက်မှန်များ အခမဲ့ပြုလုပ်
Jul 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မသန်စွမ်းသူများနှင့် မသန်စွမ်းမိသားစုဝင်များအား မျက်စိပါဝါစမ်းသပ်ပေးခြင်း၊ မျက်မှန်အခမဲ့ပြုလုပ်ပေးခြင်း၊ မျက်စိရေတိမ်စစ်ပေးခြင်းနှင့် ဆီးချိုစစ်ပေးခြင်းကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် (၇၀) ရပ်ကွက်ရှိ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)ရွှေအင်အား တောင်ဒဂုံအသင်းရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရသည်။
သာယာဝတီမြို့ ဆရာစံမြို့သစ် ဗိုလ်ချုပ်အောင်ဆန်းလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်
Jul 27,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၈၈၅၉၀၀၀/-) ဖြင့် ဆရာစံမြို့သစ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းအား ကွန်ကရစ်ခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။