ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံရာတွင် ထိရောက်သော ဝန်ဆောင်မှုပေးနိုင်ရန် ပြည်သူ့ဆက်ဆံရေးဘာသာရပ်များ ဒုတိယအကြိမ်ဆွေးနွေးပို့ချ

ဒဂုံတောင် ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ဆောင်ရွက်နေသော ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနဝန်ထမ်းများအား ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဆက်ဆံရေးကို သိရှိနားလည်ပြီး လုပ်ငန်းခွင်အတွင်း လက်တွေ့ဆောင်ရွက်ရာ၌ အထောက်အကူပြုစေရန်၊ ပြည်သူလူထုအား ထိရောက်သည့် ဝန်ဆောင်မှုကောင်းများပေးနိုင်ရန်အတွက် ဇူလိုင် ၂၅ ရက်မှစ၍ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ်များကို ဒုတိယအကြိမ် ဆွေးနွေးပို့ချလျက်ရှိရာ ယမန်နေ့ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ပြည်သူ့ဆက်ဆံရေးဘာသာရပ် ပို့ချပေးကြောင်း သိရှိရသည်။

 အဆိုပါသင်တန်းအား ဇူလိုင် ၂၅ ရက် မှ ၂၉ ရက်နေ့အထိ နေ့စဉ်ညနေ ၃ နာရီမှ ၄ နာရီထိ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အရာထမ်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် လက်ထောက် ညွှန်ကြားရေးမှူးတို့က အရာထမ်း၊ အမှုထမ်း (၃၀)ဦးတို့အား ပြည်သူ့ဆက်ဆံရေး (အခြေခံဝန်ဆောင်မှုပေးခြင်းကဏ္ဍ)၊ ပြည်သူ့ဆက်ဆံ ရေးဘာသာရပ်၊ ဝန်ထမ်းနှင့်ပြည်သူ့ ဆက်ဆံရေး၊ မေတ္တာအပြုံးနှင့် ဂရုဏာနှလုံးသား၊ ဘာသာရပ်များအား  ပြည်သူ့ဆက်ဆံရေးလုပ် ငန်းသည်အဖွဲ့အစည်းများနှင့် ပြည်သူများအကြား သဘောထားအယူအဆများ သဟဇာတ ဖြစ်စေရန် ပေါင်းစပ်ပေးမှုများ မဖြစ်မနေလိုအပ်လာကြောင်း၊ အဖွဲ့အစည်းတစ်ခုရေရှည်ရှင်သန်ရပ်တည်နိုင်ရန်၊ မိမိတို့၏ရည်မှန်းချက်လုပ်ငန်းများ အောင်မြင်စေရေးအတွက် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း အရေးပါလာကြောင်းနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များနှင့် သဘောသဘာဝများ၊ သတိပြုရမည့်အချက်များ၊ ပြည်သူ့ဆက်ဆံရေးလုပ်ငန်းတွင် ဆိုးကျိုးဖြစ်စေသောအချက်များ၊ ရည်ရွယ်ချက်ပန်းတိုင်များ၊ မှန်ကန် ကောင်းမွန်သော ပြည်သူ့ဆက်ဆံရေးနည်းလမ်းများ စသည်တို့ကို အကျယ်တဝင့် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းအေး(ဒဂုံတောင်)