သတင်းများ

ရပ်စောက်မြို့နယ်၌ စာဖတ်ဝိုင်းကျင်းပ
Jul 29,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ စာရေးဆရာကျော်ဝင်းရေးသားသည့် “နှစ်ဆယ်တစ်ရာစု သားရွှေဥ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ဖျာပုံမြို့၌ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု လျော့ကျစေရေး အမှိုက်အကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောဆွေးနွေး
Jul 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မြို့သန့်ရှင်းသာယာ လှပစေရေးအတွက် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု လျော့ကျစေရေး၊ အမှိုက်စွန့်ပစ်မှု အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ အမှတ်(၁၉) ရပ်ကွက်၊ အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်းတွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှု လျော့ကျစေရေး အမှိုက်အကြောင်း သိကောင်းစရာများ၊ အသိပညာပေး ဟောပြော ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
သာယာဝတီမြို့ ကျောင်းစုရပ်ကွက်၊ ကျောင်းစုလမ်း ကွန်ကရစ်လမ်းခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းပြီးစီး
Jul 29,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာ မှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၄၄၃၀၀၀၀၀/-) ဖြင့် ကျောင်းစုရပ်ကွက်၊ ကျောင်းစုလမ်းအား ကွန်ကရစ်ခင်းခြင်းဖြင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရာ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
စလင်းမြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေး ရေပြင်ရှာဖွေကယ်တင်ခြင်း သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်
Jul 29,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ဧရာဝတီမြစ်ရိုးတစ်လျောက် နေထိုင်ကြသည့်ပြည်သူများ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ စလင်းမြို့နယ် သနပ်ကုန်းကျေးရွာအုပ်စု သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ရေပြင်ရှာဖွေကယ်ဆယ်ခြင်း၊ ဇာတ်တိုက်လေ့ကျင့်မှုသရုပ်ပြပွဲကို သနပ်ကုန်းကျေးရွာအနီး ဧရာဝတီမြစ်ဆိပ်အနီး ဝန်းကျင်၌ ယမန်နေ့ နံနက်၁၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jul 29,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ    ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာ၏ အဓိကလိုအပ်ချက်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရည်ရွယ်၍ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့သည်။
ပေါက်ခေါင်းမြို့၌ အလှကုန်ပစ္စည်း‌ ရောင်းချသည့်ဆိုင်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/မရှိ စစ်ဆေး ဆောင်ရွက်
Jul 29,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ယမန်နေ့က ပေါက်ခေါင်းမြို့‌‌တွင်း၊ ရပ်ကွက်များရှိ အလှကုန်နှင့် စတိုးဆိုင်များ ရောင်းချနေသော အလှကုန်ပစ္စည်းများတွင် သတ်မှတ်ကုန် အမှတ်အသားတံဆိပ်များ ပြည့်စုံပါဝင်ခြင်း ရှိ/မရှိကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်ကွမ်ရိုက်ကျေးရွာ နည်းပညာပြန့်ပွားရေး စင်တာတွင် မိုးစပါးသီးနှံ ဘက်စုံပိုးမွှားရောဂါ ကာကွယ်ရေး ပညာပေးသင်တန်း ဆွေးနွေး ပို့ချ
Jul 29,2022
“လူမှုစီးပွားတိုးတက်ဖို့ မျိုးကောင်းမျိုးသန့် သုံးကြစို့”ဆောင်ပုဒ်နှင့်အညီ စိုက်ပျိုးရေးဦးစီးဌာနမှ အရည်အသွေးကောင်းသော သွင်းအားစုများအား မှန်ကန်စွာ ထည့်သွင်းသုံးစွဲ၍ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့်အညီ ဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးတွင် တောင်သူများ၏ စွမ်းရည်မြင့်မားလာစေရန် ရည်မှန်းချက်ဖြင့် ယမန်နေ့က ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာ နည်းပညာပြန့်ပွားရေးစင်တာတွင် မွန်ပြည်နယ်သီးနှံ ကာကွယ်ရေးဌာနခွဲမှ တာဝန်ရှိသူနှင့် မြို့နယ်စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူများက တောင်သူများအား မိုးစပါးသီးနှံဘက်စုံပိုးမွှားရောဂါ ကာကွယ်ရေးပညာပေးသင်တန်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
မုဒုံမြို့၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)ကို ကျေးရွာ​ခြောက်ရွာတွင် ချေးငွေစုစုပေါင်း  ၁၈၉ ဒသမ ၉ ကျပ်သန်းအား ထုတ်ချေးပြီးစီး
Jul 29,2022
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများ ကုစားပေးနိုင်ရန်အတွက် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ Economic Relife Plan (CERP)အရ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP)ကို  ယမန်နေ့က ကျေးရွာနှစ်ရွာတွင် စီမံကိန်းရန်ပုံငွေများကို တတိယအကြိမ် ထုတ်ချေးပေးခဲ့သည်။