မောက်မယ်မြို့နယ်တွင်ဟောပြောပွဲနှင့်ပြည်သူ့ဆေးရုံအတွက်ဓါတ်မှန်ဆောင်နှင့်သားဖွားဆောင် လွဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ
Jul 29,2022
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အထောက်အကူ ပြုစေရေးအတွက် အပြည်ပြည်ဆိုင်ရာ (ICRC)ကျိုင်းတုံရုံးခွဲမှ (ICRC)အကြောင်းသိကောင်းစရာ ဟောပြောခြင်းနှင့် (ICRC)မှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံတွင်အသုံးပြုရန် ဆောက်လုပ်လှူဒါန်းပေးသည့် ဓါတ်မှန်ဆောင်နှင့်သားဖွားဆောင် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ(၄)နာရီက မောက်မယ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။