လောင်းလုံး ဇူလိုင် ၃၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ်ဘောင်ပျိုးစနစ်ဖြင့် စိုက်ပျိုးခြင်း၊ ပိုးသတ်ဆေး၊ ဓာတ်မြောသြဇာ၊ ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က လောင်းလုံးမြို့နယ်၊ သဗျာကျေးရွာ တောင်ဦးသီးညွှန့်လယ်ကွင်း၌ ပြုလုပ်သည်။
ထို့သို့ပြုလုပ်ရာတွင် လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာနမှမြို့နယဦးစီးမှူးဦးတိုးလွင်က ဒေသအတွင်းရှိ လယ်ကွင်းများ မိုးစပါးအထွက်နှုန်းကောင်းမွန်စေရန် ရည်ရွယ်ခြင်းဖြစ်ပြီး ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် လောင်းလုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်လွင်နှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတိုးလွင်နှင့်ဝန်ထမ်းများ၊ လယ်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တောင်သူများတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)