ပုသိမ်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာအချို့တွင် တောင်ကျရေများ ဝင်ရောက်

ပုသိမ်ကြီး  ဇူလိုင် ၃၁

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပုသိမ်ကြီးမြို့နယ်၊ ဒဟ‌တ္တောကျေးရွာအုပ်စုနှင့် ကောင်းမွန် ကျေးရွာအုပ်စု ဆားခါတောင်အရှေ့ဘက်တွင် တောင်ကျချောင်းရေများ ၀င်ရောက်ခဲ့‌‌ကြောင်း သိရှိရသည်။‌

တောင်ကျရေများ ၀င်ရောက်မှုကြောင့် နေအိမ်အချို့ ရေနစ်မြုပ်ခဲ့ရာ နေအိမ်များမှ မိသားစု၀င်များအတွက် လိုအပ်သည်များကို တာ၀န်ရှိသူများနှင့် ပုသိမ်ကြီးမြို့နယ် ရန်ကင်း(၁၁) မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မေ၀တီ(ပြန်/ဆက်)