သတင်းများ

မကွေးခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဆောင်းတင်၊ ဒေသဖွံ့​ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 06,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ မကွေးခရိုင်​၊‌‌ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ​ကျေးရွာပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မကွေးခရိုင်စီမံအုပ်ချုပ်​ရေရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဆောင်းတင်နှင့်အဖွဲ့ဝင်များ၊ တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက
ထားဝယ်မြို့တွင် သဘာဝဘေး အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/သူများအား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်မြို့ ရေဘေးသင့် ကျောင်းသား/ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Aug 06,2022
မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်မြို့နယ်အတွင်း ဇူလိုင်လ ၃၁ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ဒဏ်ခံခဲ့ရသည့် ရေဘေးသင့်  ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲကိုယမန်နေ့  မွန်းလွဲပိုင်းက အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ဧရာဝတီခန်းမဆောင်၌  ကျင်းပပြုလုပ်ရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
လက်ပံတန်းမြို့နယ် အခြေခံပညာကျောင်းများ၌ ကလေးသူငယ်အခွင့်အရေး ကိုယ်တိုင်သိရှိနားလည်ရေး အသိပညာပေးဆွေးနွေး
Aug 05,2022
ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်တွင် လူမှုန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန တို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ အသိပညာပေးခြင်းအစီအစဉ် ဆောင်ရွက်လျက်ရှိရာ အ.ထ.က(၁) ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီခွဲ က အသိပညာပေးခြင်း အခမ်းအနားကို ဆောင်ရွက်ခဲ့သည်။
ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာအုပ်စု၊ မုက္ကဒိခေတ်မီစံပြကျေးရွာတွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်းပွဲကျင်းပ
Aug 05,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာအုပ်စု၊ မုက္ကဒိခေတ်မီစံပြကျေးရွာတွင် လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က မုက္ကဒိခေတ်မီစံပြကျေးရွာ အထက်တန်းကျောင်းခန်းမဆောင်၌ ကျင်းပသည်။
တံတားဦးမြို့နယ်တွင် ပြန်လည်စွန့်လွှတ်မြေဧရိယာ (၃၁၂.၂၀) ဧကအား ခရိုင်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်
Aug 05,2022
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်မြေဧရိယာ (၃၁၂.၂၀) ဧကအား တံတားဦးခရိုင်အုပ်ချုပ်ရေးမှူးတံသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အစည်အဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
ကျောက်မဲမြို့တွင် ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်အဖွဲ့၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်း တာဝန်များအား ချပြရှင်းလင်းခြင်းနှင့် အသိပညာ‌ပေး ဆွေးနွေးခြင်းများဆောင်ရွက်
Aug 05,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီက ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့် အဖွဲ့၏ ဖွဲ့စည်းပုံနှင့်လုပ်ငန်း တာဝန်များအား ချပြရှင်းလင်းခြင်းနှင့် အသိပညာ‌ပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အသေးစား စက်မှုလက်မှုလုပ်ငန်းဆိုင်ရာ သိကောင်းစရာများ Talk Show ကျင်းပ
Aug 05,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကလေးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးမှ အသေးစားစက်မှုလက်မှုလုပ်ငန်းဆိုင်ရာ သိကောင်းစရာများ Talk Show ကို ယနေ့ မွန်းလွဲ (၁) နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။