သတင်းများ

ကျောက်ဆည်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း၌ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲနှင့် သင်တန်း ဆင်းလက်မှတ်ပေးအပ်ပွဲ ကျင်းပ
Aug 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်လွဲ (၁) နာရီက အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မိုင်းဖုန်းဆရာတော်ဘုရား၊ မိုင်းဆတ်မြို့သို့ ကြွရောက်တော်မူကာ တရားတော်များချီးမြှင့်
Aug 05,2022
သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဉာဏသံဝရ မိုင်းဖုန်းဆရာတော်ဘုရားကြီး သည် ဩဂုတ်လ(၄)ရက်နေ့ညနေပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့သို့ ကြွရောက်တော်မူကာ ဧည့်ပရိတ်သတ်အပေါင်းတို့အား တရားတော်များချီးမြှင့်တော်မူခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်အတွင်းရှိ လူဦးရေစာရင်းအား IVLS စနစ်ဖြင့် တိုက်ဆိုင်စိစစ်မှုများကို လာရောက်ကြည့်ရှုစစ်ဆေး
Aug 05,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရွှေပြည်တန်ခန်းမတွင် မြို့နယ်အတွင်းရှိ အိမ်ထောင်စု လူဦးရေစာရင်းအား IVLS စနစ်ဖြင့်တိုက်ဆိုင်စိစစ်မှုများကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်လျက်ရှိရာ မြောင်းမြခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးမှ လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သရက်မြို့၌ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကျင်းပ
Aug 05,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးသယံဇာတ ထိန်းသိမ်းခြင်းကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် ၊ ငါးမျိုးပြုန်းတီးမှု မဖြစ်စေရန် သဘာဝ ရေပြင်တွင် ငါးမျိုးများ စဉ်ဆက်မပြတ် တည်ရှိစေရန်၊ ငါးထုတ်လုပ်မှု
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်အားပေးချီးမြှင့်
Aug 05,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲကို သြဂုတ် ၅ ရက် နံနက် ၉ နာရီခွဲက နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်‌ဆောင် တက်ရောက် အားပေးချီးမြှင့်ခဲ့သည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Aug 05,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.မ.က (မူလွန်) (၂၀) တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနတွင် အသံထွက်စနစ်တကျစာဖတ်နည်းနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Aug 05,2022
ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ဖြစ်ပေါ်စေရန်နှင့် လူအများရှေ့တွင် ရဲဝင့်စွာ ပြောဆိုတတ်စေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ညနေ ၄ နာရီက မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
ပခုက္ကူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
Aug 05,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။