သတင်းများ

မိုင်းဖြတ်မြို့နယ်၊ ဝမ်​နောင်​ကျေးရွာ၌  ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်​ရေး ​ဆွေး​နွေးအသိပညာ​ပေး
Aug 06,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ​​ဒေသတွင်းစားသုံးဆီဖူလုံ​စေရန်နှင့် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးရေးအတွက် အသိပညာပေး​ဟော​​ပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဝမ်​နောင်​ကျေးရွာခန်းမ​ဆောင်၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ရှေးရိုး ဓလေ့ထုံးတမ်း အဆင်အလာများကို လက်ဆင့်ကမ်း ထိန်းသိမ်းလာခဲ့သည့် ရေပုတ်ကြီး‌ကျေးရွာသို့ အလည်တစ်ခေါက် လာရောက်စေချင်
Aug 06,2022
ဆံရစ်ဝိုင်းရွာဟု တင်စားခေါ်ကြသော ရေပုတ်ကြီးရွာသည် ပွင့်ဖြူမြို့နယ်၏ အနောက်မြောက်ဘက် (၇) မိုင်အကွာတွင် တည်ရှိပြီး ရှေးအခါက ရွာ၏အရှေ့ဘက်တွင် တည်ရှိသော ရေကန်ကြီးသည် ငှက်တစ်ကောင်၏ အစာဇလုတ်ပုံသဏ္ဍန် ဖြစ်နေတာကြောင့် ရေဇလုတ်ကြီးရွာဟု ခေါ်တွင်ရာမှ ကာလရွေ့လျားလာသည့်အခါ ရေပုတ်ကြီးရွာဟု အမည်တွင်ခဲ့ခြင်းဖြစ်သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ကျောင်းကျန်းမာရေး စစ်ဆေးမှုလုပ်ငန်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်
Aug 06,2022
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ကျောင်းကျန်းမာရေး စစ်ဆေးမှုလုပ်ငန်းများနှင့် အသိပညာပေးခြင်းတို့အား အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းတွင် ယမန့်နေ့က ပြုလုပ်ခဲ့သည်။
အလုံမြို့နယ်၌ ​သွေးလွန်တုပ်​ကွေးကြိုတင်ကာကွယ်​ရေးအတွက် ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်​ဆေးခတ်ခြင်း လုပ်ငန်းများ​ဆောင်ရွက်
Aug 06,2022
ပြည်သူများ ခြင်မှတဆင့် ကူးစက်တတ်​သော ​သွေးလွန်တုက်​ကွေး​ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယ​မန်နေ့က ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်​ဆေးခတ်ခြင်း လုပ်ငန်းများ​ကို ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။
ခန္တီးမြို့တွင် စာအုပ်စာစောင်ပြပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲပြုလုပ်
Aug 06,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် လူငယ်ဘက်စုံဖွံ့ဖြိုးတက်ရေး အစီအစဉ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာအုပ်စာစောင်ပြပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ(မြို့မ) တွင် ပြုလုပ်ခဲ့သည်။
ပြည်ခရိုင် စိုက်ပျိုးရေးဦးစီးမှူးနှင့်အဖွဲ့ဝင်များ  ဝါမျိုးစေ့ထုတ် (၅) ဧကနှင့် ဝါမျိုးယှဉ်ပြိုင် စမ်းသပ်ကွက် (၂) ဧက စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းစစ်ဆေး
Aug 06,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် စိုက်ပျိုး‌ရေးဦးစီးမှူးဦး‌အောင်စိုးမိုး၊ ပေါက်ခေါင်းမြို့နယ်ဦးစီးမှူး ဦးမင်းမင်းထွန်းနှင့် ဝန်ထမ်းအဖွဲ့ဝင်များသည် ယမန်နေ့က လေးကြီးကျေးရွာ တောင်သူဦးတင်လှ၏ ကွင်းအမှတ် (၇၁၂) ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါမျိုးစေ့ထုတ်(၅) ဧကစိုက်ခင်းနှင့် ဝါမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် (၂) ဧက စိုက်ပျိုးထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့‌ကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောပွဲများဆောင်ရွက်
Aug 06,2022
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။