ဘားအံ ဩဂုတ် ၅
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာအုပ်စု၊ မုက္ကဒိခေတ်မီစံပြကျေးရွာတွင် လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က မုက္ကဒိခေတ်မီစံပြကျေးရွာ အထက်တန်းကျောင်းခန်းမဆောင်၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး၊ ဦးခင်မောင်ကျော်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူတို့နှင့်အတူ သင်တန်းဆင်းအောက်လက်မှတ်များ ပေးအပ်ချီးမြှင့်ကာ မြို့နယ်ဦးစီး ဌာနမှူးနှင့်အဖွဲ့သည် သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ သင်ယူပြီးမြောက်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုပညာရပ်များအား လက်တွေ့နယ်ပယ် လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချကြရန် တိုက်တွန်းပြောကြားသည်။
အဆိုပါ သင်တန်းဆင်းပွဲသို့ ကရင်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး၊ ဦးခင်မောင်ကျော်၊ သင်တန်းနည်းပြဆရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား (၃၀) ဦး တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)