သတင်းများ

စဉ့်ကူးမြို့နယ်၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းချေးငွေများ ဆပ်/ထုတ်စနစ်ဖြင့် ထုတ်ပေး
Aug 06,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် ကျေးရွာနှစ်ရွာကို တတိယအကြိမ်မြောက် ချေးငွေများ ဆပ်/ထုတ်စနစ်ဖြင့် ထုတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက စဉ့်ကူး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းတွင် ကျင်းပသည်။
ငွေဆောင်မြို့၊ Yamonna Oo Hotelတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံအင်္ဂလိပ်စကားပြော သင်တန်းဖွင့်ပွဲကျင်းပ
Aug 06,2022
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီသွားညွှန်ကြားမှူးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံး၊ ပုသိမ်၏ဦးဆောင်မှုဖြင့် ဖွင့်လှစ်မည့် ဟိုတယ်နှင့်ခရီသွားလုပ်ငန်းဆိုင်ရာ အခြေခံအင်္ဂလိပ်စကားပြောသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့၌ Yamonnar Oo Hotel တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီး (U-18) ဖူဆယ်ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Aug 06,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် (TSDP) အစီအစဉ်အရ  မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသမီး (U-18) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ ညနေ (၃) နာရီအချိန်က မြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
မိုင်းယောင်းတွင် မြို့မိမြို့ဖများက ဆွမ်းဆန်တော်နှင့် ဆီများလှူဒါန်း
Aug 06,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ပထမအကြိမ် မြို့မိမြို့ဖများက ဝါတွင်းကာလ ဝါဆိုတော်မူကြမည့် ဆရာတော်၊ သံဃာတော်များ၊ စာသင်စာချ သံဃာတော်များအား ဆွမ်းဆန်တော်နှင့် ဆီများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို) ကျောင်း၌ ကျင်းပသည်။
မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန၌ တရုတ်စကားပြော (အခြေခံ)သင်တန်းဆင်းပွဲကျင်းပ
Aug 06,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ တရုတ်စကားပြော အခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၄ နာရီခွဲက ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးလှဌေးက သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ကန်ကြီးထောင့်မြို့နယ်တွင် အဏုဇီဝသဘာဝ မြေသြဇာပြုလုပ်မှု သရုပ်ပြပွဲ ကျင်းပ
Aug 06,2022
ဧရာဝတီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် ကန်ကြီးထောင့်မြို့နယ် သမဝါယမအသင်းစုတို့ပူးပေါင်း ဆောင်ရွတ်သော အဏုဇီဝသဘာဝမြေသြဇာ ပြုလုပ်မှုသရုပ်ပြသခြင်း အခမ်းအနားကို ယမန်နေ့ နေ့လည် ၁ နာရီအချိန်တွင် ဝါးဒူးကျေးရွာအုပ်စု အနောက်စုကြီးကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
သီပေါမြို့နယ် နမ့်အွန်(ညု)ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားပြုလုပ်
Aug 06,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်အွန်(ညု)ကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေပေါင်း ကျပ် (၂,၁၉၄) သိန်းကျော် ထုတ်ချေးပေးပြီးဖြစ်
Aug 06,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုရေးဘဏ်ခွဲမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေလလယ်မှ စတင်ထုတ်ချေးပေးခဲ့ရာ ယနေ့ အထိ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေပေါင်း ကျပ် ၂,၁၉၄ သိန်းကျော် ထုတ်ချေးပေးခဲ့ပြီးကြောင်း ခရိုင်ဘဏ်ခွဲမန်နေဂျာ ဒေါ်စန်းစန်းအေးထံမှ သိရသည်။