တံတားဦး ဩဂုတ် ၅
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်မြေဧရိယာ (၃၁၂.၂၀) ဧကအား တံတားဦးခရိုင်အုပ်ချုပ်ရေးမှူးတံသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အစည်အဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
လွှဲပြောင်းပေးအပ်ပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကိုလင်းမှ အမှာစကားပြောကြားပြီး လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးတင်မောင်နီက ပြောကြားရာတွင် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တည်ဆောက် ရေးစီမံကိန်းအတွက် သိမ်းယူခဲ့သည့်မြေဧရိယာများထဲမှ ကာကွယ်ရေးဝန်ကြီးဌာနသို့ မြေဧရိယာများ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒါ့အပြင် စွန့်လွှတ်မြေများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်အပ်နှံရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန် အတွက် နိုင်ငံတော်သို့ စွန့်လွှတ်အပ်နှံလာသည့်မြေဧရိယာများကို နိုင်ငံတော်ပိုင်မြေ (State Land) အဖြစ် သတ်မှတ်ခဲ့ပါကြောင်းပြောကြားပြီး ပြန်လည်စွန့်လွှတ်မြေဧရိယာ (၃၁၂.၂၀) ဧကကို တံတားဦး ခရိုင် အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်သည်။
ပြန်လည်စွန့်လွှတ်မြေများဖြစ်သည့် သားများဘကျေးရွာအုပ်စုနှင့် ကန်ချောကျေးရွာအုပ်စု ကွင်းအမှတ် (၁၄၂၁-ခ) သားများဘတောင်ကွင်း၊ (၁၄၂၃) ကွင်း၊ ဘုရားကြီးကုန်းကွင်း၊ (၁၄၂၄-ခကွင်း၊ ပလ္လင်တောင် တောင်ကွင်း) တို့ဖြစ်ပြီး ဦးပိုင်ပေါင်း (၉၈) ခုရှိ မြေဧရိယာ (၃၁၂.၂၀ ) ဧကတို့ ဖြစ်ကြောင်း သိရသည်။
ရဲတင့်