သတင်းများ

ပြင်စလူမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Aug 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မြေရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့နံနက် ၁၁ နာရီ အချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းများ ပံ့ပိုးပေးအပ်
Aug 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာန BRIC Program၊ APH Program၊ WFF Program အစီအစဉ်ဖြင့် စီမံကိန်းဝင်ကျေးရွာများနှင့် စာသင်ကျောင်းများအား ကျန်းမာရေး ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး အထောက်အကူပြု ပစ္စည်းများ ပံ့ပိုးခြင်းအခမ်းနားကို ယမန်နေ့ မွန်းလွဲညနေပိုင်းက မြို့နယ်ကြက်ခြေနီအသင်းရုံးခွဲ၌ ကျင်းပခဲ့သည်။
ကျောက်မဲမြို့တွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်မည့် ပြိုင်ပွဲဝင်များအား ကျောက်မဲမြို့နယ်ပညာရေးမှူးမှ လိုက်လံကြည့်ရှုအားပေး
Aug 07,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ရောက်မည့် အခြေခံအဆင့် ကလေးငယ်များအား ကျောက်မဲမြို့နယ် မြို့နယ် ပညာရေးမှူး ဒေါ်ခင်ဌေးမှ ယမန်နေ့က လိုက်လံကြည့်ရှု အားပေးခဲ့သည်ဟု သိရသည်။
လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ
Aug 07,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပခဲ့သည်။
ရွှေပြည်သာမြို့နယ် အ‌ခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် မိုးရာတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာရေး လုပ်ငန်းများဖြစ်သော၊ ရေစီးရေလာ ကောင်းမွန် စေရန် မြောင်းများတူးဖော်ခြင်း၊ ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို ယမန်နေ့နံနက်ပိုင်းတွင် အမှတ်(၇)ခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ​သွေးလွန်တုပ်​ကွေး ကြိုတင်ကာကွယ်​ရေးအတွက် ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်​ဆေးခတ်ခြင်းလုပ်ငန်းများ​ ဆောင်ရွက်
Aug 07,2022
ပြည်သူများ ခြင်မှတဆင့် ကူးစက်တတ်​သော ​သွေးလွန်တုက်​ကွေး​ရောဂါ ကြိုတင်ကာကွယ် နိုင်ရန်အတွက်   ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ယ​နေ့နံနက် ၉ နာရီက ခြင်​ဆေးမှုတ်ခြင်းနှင့် အဘိတ်​ဆေးခတ်ခြင်း လုပ်ငန်းများ​ကို ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး၊ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Aug 07,2022
မန္တလေးတိုင်းဒေသကြီး၊ အစိုးရနည်းစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)တွင် ယမန်နေ့မွန်လွဲ(၂)နာရီက မူးယစ်ဆေးဝါး၊ ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မိတ္ထီလာခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း ၇ ရက်ကြာ ဖွင့်လှစ်
Aug 07,2022
မိတ္ထီလာခရိုင် မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်မည့် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းကို ဩဂုတ်လ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ ၇ ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းထံက သိရသည်။