ကျောက်မဲမြို့တွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်မည့် ပြိုင်ပွဲဝင်များအား ကျောက်မဲမြို့နယ်ပညာရေးမှူးမှ လိုက်လံကြည့်ရှုအားပေး

ကျောက်မဲ သြဂုတ် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ရောက်မည့် အခြေခံအဆင့် ကလေးငယ်များအား ကျောက်မဲမြို့နယ် မြို့နယ် ပညာရေးမှူး ဒေါ်ခင်ဌေးမှ ယမန်နေ့က လိုက်လံကြည့်ရှု အားပေးခဲ့သည်ဟု သိရသည်။

ကျောက်မဲမြို့တွင် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ရပ်နားခဲ့သည်မှာ ၇ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ယခုနှစ်တွင် ပြန်လည်ကျင်းပမည်ဖြစ်သောကြောင့်  အဆို၊ အက ပြိုင်ပွဲဝင်မည့် ပြိုင်ပွဲဝင်များက  အထက ၂ ပတ္တမြားခန်းမတွင်လည်းကောင်း၊  ကဗျာလွတ်အကဖြင့် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များက အထကခွဲ အလက ၃ ကျောင်း ရွှေရတုခန်းမတွင်လည်းကောင်း ပြင်ဆင်လေ့ကျင့်လျက်ရှိရာ အဆိုပါ ပြိုင်ပွဲဝင်များအား  မြို့နယ်ပညာရေးမှူးက လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ (၂၃)ကြိမ်မြောက် အဆို၊ အက၊ အ​​ရေး၊ အတီးပြိုင်ပွဲကို မြို့နယ်အဆင့် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင် ၃၀ ဦးခန့်ရှိကြောင်း၊ မြို့နယ်အဆင့်ရွေးချယ်ပွဲကို စက်တင်ဘာလ ပထမအပတ်တွင် အထက ၂ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)