လောင်းလုံးမြို့နယ်တွင် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

လောင်းလုံး  သြဂုတ် ၇

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆိုပြီး ဖွင့်လှစ်သည်။ ထို့နောက် မြို့လယ်ကျောင်းဆရာတော် ဦးအဂ္ဂဝံသထံမှ ငါးပါးသီလ ချီးမြှင့်ဆောက်တည်ခံယူသည်။ ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များမှ အန္တရာယ်များ ကင်းပရိတ်ရွတ်ဖတ်ပူပြီး မြို့နယ်စီမံအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်လွင်၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်ခင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများက သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများအား ဆက်ကပ်လှူဒါန်း၍ ​မြို့လယ်ကျောင်း ဆရာတော်မှရေစက် သွန်းချတရားချီးမြှင့်ကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် လောင်းလုံးမြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ မြို့နယ် စီမံအဖွဲ့ဥက္ကဋ္ဌဦးကျော်လွင်၊ ဒုတိယဥက္ကဋ္ဌဦးဇော်ခင်နှင့် ဌာနဆိုင်ရာများတို့က တက်ရောက် ခဲ့ကြောင်း သိရသည်။

သိန်းသိန်း ( လောင်းလုံး)