ပြင်စလူမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ

ပြင်စလူ   သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မြေရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့နံနက် ၁၁ နာရီ အချိန်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်အိအိမွန်က On line မှတစ်ဆင့် ပြည်သူလူထုအား အသိပညာပေး ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ မေး ခွန်းများ မေးမြန်းဆွေးနွေးခဲ့ရာ ပြင်စလူမြို့ မြို့အုပ်ချုပ်ရေးမှူး ဦး‌ရဲဝင့်ထွန်းက လူကုန်ကူးမှုနှင့် ပတ်သက်ပြီး ထိခိုက်ဆုံရှုံးနိုင်တဲ့ အခြေအနေများအကြောင်းနှင့် လူကုန်ကူးခံရခြင်းမှာ မည်သည့်အခြေအနေတွင် ဖြစ်ပေါ်ကြောင်းကို လည်းကောင်း၊ ပြင်စလူမြို့ နယ်မြေစခန်းမှူး ရဲအုပ်အေးမင်းထွဋ်က လူကုန်ကူးခံရခြင်း၊ လူမှောင်ခိုကူးခံခြင်း စသည့်အကြောင်းအရာများနှင့် လူကုန်ကူးမှုနှင့် ပတ်သက်ပြီး ပြစ်မှုနှင့် ပြစ်ဒဏ်များကိုလည်းကောင်း အကျယ်တဝင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယောဧရာ(မြို့ပြန်/ဆက်)