တန့်ယန်း သြဂုတ် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာန BRIC Program၊ APH Program၊ WFF Program အစီအစဉ်ဖြင့် စီမံကိန်းဝင်ကျေးရွာများနှင့် စာသင်ကျောင်းများအား ကျန်းမာရေး ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး အထောက်အကူပြု ပစ္စည်းများ ပံ့ပိုးခြင်းအခမ်းနားကို ယမန်နေ့ မွန်းလွဲညနေပိုင်းက မြို့နယ်ကြက်ခြေနီအသင်းရုံးခွဲ၌ ကျင်းပခဲ့သည်။
အဆိုပါ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းများ ပံ့ပိုးခြင်းအခမ်းနား၌ မြို့နယ် ကြက်ခြေနီအသင်းခွဲ နာယက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကား ပြောကြားကာ ဟိုမန်း၊ ကုန်းညောင်၊ မန်ဆိုင်း၊ နမ့်ဟူးလွယ်ကာ၊ ခုံကွတ် စသည့် ကျေးရွာအုပ်စု (၅) အုပ်စုနှင့် ကျေးရွာ(၂၅)ရွာအား မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာန BRIC Program၊ APH Program၊ WFF Program အစီအစဉ်ဖြင့် ကျန်းမာရေး ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းများကို တာဝန်ရှိသူများနှင့်အတူ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)