လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၇
ပြည်သူများ ခြင်မှတဆင့် ကူးစက်တတ်သော သွေးလွန်တုက်ကွေးရောဂါ ကြိုတင်ကာကွယ် နိုင်ရန်အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ယနေ့နံနက် ၉ နာရီက ခြင်ဆေးမှုတ်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနအစီအစဉ်ဖြင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်ရှိ နေအိမ်များအတွင်းရှိ ခြင်ခိုအောင်း နိုင်သောနေရာများအား ခြင်ဆေးမှုတ်ခြင်း၊ ရေဝပ်သောနေရာများ၊ ရေစည်၊ ရေအိုးများ အတွင်းသို့ အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းလုပ်ငန်းများကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီစေတနာ့ လုပ်အားရှင်များက ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဝေလွင်ကျော် (ပြန်/ဆက်)