စာအုပ်စာပေပြပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ကျောင်းသူအား ဂုဏ်ပြုပွဲပြုလုပ်
Jan 17,2022
စာအုပ်စာပေကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေတန်ဖိုးသိရှိနားလည်နိုင်စေရန်၊ စာဖတ်ခြင်းဖြင့် ဘဝတိုးတက်မှုရရှိကြစေရန်၊ အချိန်ကို အကျိုးရှိစွာ သုံးချတတ် စေရန်နှင့် စာအုပ်စာပေနှင့်ရင်းနှီးမှုရှိစေ ရန်ရည်ရွယ်၍ စာအုပ်စာပေပြပွဲပြသခြင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (ရုံးချုပ်) မှ ဦးစီးကျင်းပသည့် ပုံပြင်ပြောပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အထက(၁)ညောင်ရွှေမှ GRATE-6 ကျောင်းသူ မကြယ်စင်သော်အား ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံး၌ ပြုလုပ်ခဲ့သည်။