သတင်းများ

ဆီဆိုင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး နမ့်တဘက်ချောင်းရေတက်မှုကြောင့် နွေစပါး၊ မိုးစပါးရေကြီးနစ်မြုပ်မှု အခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဩဂုတ်လ ၅ ရက်နေ့မှ ၈ ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းပြီး နမ့်တဘက်ချောင်းရေတက်မှုကြောင့် နွေစပါး၊ မိုးစပါး ရေကြီးနစ်မြုပ်မှုအခြေအနေများအား ယမန့်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အုတ်ဖိုမြို့နယ်တွင် မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကျင်းပ
Aug 10,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်က မူလတန်းအဆင့် ပုံပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
သံတောင်ကြီးမြို့နယ် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များ (MCCT)အကျိုးခံစား ခွင့်ရှိသူများအား ထောက်ပံ့ငွေများပေးအပ်
Aug 10,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပထမအကြိမ် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များ (MCCT)အကျိုးခံစားခွင့်ရှိသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန် က သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်းက သံတောင်ကြီးမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆန်းဗိုလ်ထံပေးအပ်ခဲ့ကြောင်း သိရသည်။
ပုံပါကျင်မြို့၌စာဖတ်ရှိန်မြင့်တင်ရေး‌ ရွေ့လျားစာကြည့်တိုက် အဖြစ်နယ်လှည့်ကွင်းဆင်းဆောင်ရွက်
Aug 10,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက စာကြည့်တိုက်သို့မလာ‌ရောက်နိုင်သည့် စာဖတ်ပရိသတ်များ ဗဟုသုတရရှိစေရန်၊
ဆီဆိုင်မြို့နယ်၌ အသက်(၆)လနှင့် (၅)နှစ်အရွယ်ထိကလေးငယ်များအား ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေး
Aug 10,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဟိုခဲရပ်ကွက်အတွင်းရှိ အသက်(၆)လနှင့်(၅)နှစ်အရွယ်ထိ ကလေးငယ်များအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ဗီတာမင် (A)နှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးအာဟာရပညာပေး ဟောပြောပွဲကျင်းပ
Aug 10,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် တက်ရောက်ပညာ သင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား အာဟာရပြည့်ဝသော အစားအသောက်များ စားသောက်သုံးစွဲတတ်စေရန်နှင့် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွာစေရန်ရည်ရွယ်၍ ကျောင်းကျန်းမာရေး အာဟာရပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောင်းနေအရွယ်ကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်ကြောင်း ကျန်းမာရေးရက်သတ္တပတ် လှုပ်ရှားဆောင်ရွက်မှုနှင့် ဟောပြောပွဲကျင်းပ
Aug 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားဆောင်ရွက်မှုကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အမှတ်(၅)အခြေခံပညာ မူလတန်းကျောင်းတွင် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကျောင်းသား/ကျောင်းသူ များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။